သမီးစိတ်နဲ့ (၂)လလောက် အရက်သမားဖြစ်သွားခဲ့တဲ့ ဒိန်းဒေါင်

ပေးဆပ်လိုက်ရတာတွေ အရမ်းများခဲ့တယ်တဲ့။သမီးစိတ်နဲ့ အရက်တွေ ပြန်သောက်ဖြစ်နေသလို အဓိဌာန်တွေလည်း ပြတ်ခဲ့တယ်တဲ့။ ဘုရားမှာ သစ္စာဆိုထားတာတွေလည်း စည်းပေါက် သွားခဲ့သလို တော်တော်လေးကို ပေးဆပ်လိုက်ရတယ်တဲ့။ ဒိန်းဒေါင်ဟာ သမီးဖြစ်သူကို အမွေပြတ်စွန့်လွှတ်လိုက်ပြီးနောက် သမီးစိတ်နဲ့ (၂)လလောက် အရက်သမားဖြစ်သွားခဲ့ပါတယ်။ မဲကိစ္စတွေနဲ့ ပတ်သက်ပြီး ဒိန်းဒေါင်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာတဲ့ အတွက် သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို အမွေပြတ် စွန့်လွှတ်လိုက်တာ ဖြစ်သလို သမီးစိတ်နဲ့ ကားတိုက်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ “သားသမီးစိတ်နဲ့ စဖြစ်တဲ့နေ့ကစပြီး (၂)လနည်းပါးလောက် အဓိဌာန်လည်းပြတ်တယ်။ အရက်လည်း ပြန်သောက်ဖြစ်တယ်။ ဒီအရက်ကို ကျွန်တော်မသောက်တော့ဘူးဆိုပြီး အဓိဌာန်ဝင်ခဲ့တာကြာပြီ။ဘုရားကိုတောင်မှ သစ္စာဆိုထားတာ စည်းပေါက်သွားတယ်။ အဲ့အတွက်လည်း တော်တော်လေးကို ပေးဆပ်လိုက်ရတယ်။ သောကတွေကော ကာတွေတိုက်တယ်။ […]

မိဘနှစ်ပါးရဲ့ခြေရာ ပုံတူကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ကျော်သူ

မိဘခြေရာဆိုတာ သားသမီးတွေ ယူတတ်မှရတာ။ မိဘနှစ်ပါးရဲ့ ခြေရာနှစ်စုံကို ဆီလီကွန်ပုံတူရလို့ ဦးကျော်သူတစ်ယောက် အပျော်ကြီးပျော်နေပါတယ်။ ဆယ်စုနှစ်ကြာ အနုပညာ လောကနဲ့ ဝေးကွာခဲ့တဲ့ ဦးကျော်သူဟာအခုချိန်မှာတော့ ကိုယ်တိုင်မင်းသား လုပ် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးတော့ အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာပါပြီ။ ပြည်သူချစ်ပရဟိတမင်းသားကြီး ဦးကျော်သူတစ်ယောက် အဖေ့ခြေရာနဲ့ အမေ့ခြေရာ နှစ်စုံကို ဆီလီကွန်ပုံတူရလို့ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ မိဘခြေရာဆိုတာလည်း သားသမီးတွေက ယူတက်မှ ရတာဆိုပြီးတော့လည်း သူ့ရဲ့ ပရိသတ်တွေကို ဦးကျော်သူက ပြန်လည် ပြောထားပါသေးတယ်။ ” အဖေ့ခြေရာ နဲ့ အမေ့ခြေရာ ရပြီဗျ။ဆီလီကွန်ပုံတူပညာရှင် ကိုအောင်ကျော်ထွန်းထံအပ်နှံ ထားသည့် ဖခင် ဦးစိန်တင်နှင့် မိခင် ဒေါ်မြသန်း တို့၏ခြေရာနှစ်စုံအားယနေ့ ကိုအောင်ကျော်ထွန်း၏ […]

မိခင် ပျော်ရွှင်စေဖို့ ငယ်ဘဝက ဓာတ်ပုံတွေအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ညီအစ်ကိုများ

ပျော်ပျော်နေတတ်တဲ့ လူ့လောကဟာ အတော်လေး စိတ်ချမ်းသာ ရပါတယ်။ ရောင့်ရဲ တင်းတိမ်မှု ရှိစွာ၊ မနာလိုဝန်တိုမှု ကင်းစွာ၊ ချစ်ခြင်းမေတ္တာအပြည့်၊ ပျော်စရာတွေအပြည့်နဲ့ လောကကြီးဟာ အလွန်နေပျော်စရာ ကောင်းတဲ့ လောကကြီးပါဘဲ။ အပျော်ဆိုတာ ကိုယ့်အတွက်ဆိုရင်တော့ ကိုယ့်ဘာသာ ရှာဖွေလို့ရတဲ့ အပျော်တွေရှိသလို၊ သူများက တကူးတက ရှာဖွေပေးလို့ တွေ့ရကြုံရတဲ့ အပျော်တွေလည်း ရှိတတ်ပါတယ်။အခုလည်း အမည်အတိအကျ ဖော်ပြထားခြင်းမရှတဲ့ ညီအစ်ကို သုံးယောက်ဟာ သူတို့မိခင် ပျော်ရွှင်စေဖို့၊ ပြုံးရယ် ကြည်နူးနိုင်စေဖို့အတွက် သူတို့ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ဖခင်နဲ့ အဖိုးအဖွားတို့ အကူအညီနဲ့ ပြန်လည်ပြင်ဆင် ရိုက်ကူးခဲ့ကြပါတယ်။ ဒီဓာတ်ပုံတွေကို အသုံးပြုပြီး မိခင်ဖြစ်သူက အိမ်တွင်းဖြစ် ပြက္ခဒိန်တစ်ခု ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ […]

ဘာစီလိုနာဖန်တွေက ဘာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို တူးတူးခါးခါးဖြစ်နေရတာလဲ

စပိန်အသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ဘာကာက ဘောလုံးလောကရဲ့အထင်ကရအသင်းတွေဖြစ်သလို အပြိုင်အဆိုင်လည်း အရမ်းပြင်းထန်တဲ့အသင်းတွေပါ။ အသင်းရဲ့ပြိုင်ဆိုင်မှုက ပြင်းထန်သလိုပဲ fanတွေရဲ့တိုက်ပွဲကလည်း မီးဟုန်းဟုန်းတောက်နေကြတာပါ။ ကိုယ်သဘောကျတဲ့အသင်းရဲ့ပြိုင်ဘက်အသင်းမို့လို့ မုန်းကြတာဓမ္မတာပေမဲ့ ဘာစီလိုနာဖန်တွေက ရီးရဲလ်ကို မုန်းရတဲ့အကြောင်းရင်းတွေကလည်း အခိုင်အမာရှိနေပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦးနော်။ (၁) ရီးရဲလ်က ဘာကာရဲ့အကောင်းဆုံးကစားသမားတွေကို ဆွဲစားဖို့ အမြဲတမ်းချောင်းနေတာကြောင့် ရီးရဲလ်မက်ဒရစ်က အချမ်းသာဆုံးကလပ်အသင်းတစ်ခုဖြစ်ရုံသာမက အောင်မြင်မှုတွေလည်း အများကြီးရယူထားတဲ့ အသင်းကြီးတစ်ခုပါ။ အကောင်းဆုံးကစားသမားတွေကို လုယူတတ်တဲ့အသင်းဆိုပြီးလည်း နာမည်ကြီးပါသေးတယ်။ ဒီဒဏ်တွေကို ရင်စည်းခံနေရတာကတော့ ဘာစီလိုနာပါ။ ရီးရဲလ်က ဘာစီလိုနာရဲ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ Bernd Schuster၊ Michael Laudrup၊ Luis Milla၊ Luis Figo နဲ့ Javier Saviola တို့ကို ခေါ်ယူဖို့ကြိုးစားခဲ့တဲ့အပြင် ဘာစီလိုနာရဲ့အားအထားရဆုံး မက်ဆီကိုတောင် […]

မျက်နှာငယ်လေးတွေနဲ့ သခင်ဆီက အစာမျှော်နေကြတဲ့ ချစ်စဖွယ်ခွေးလေးများ

ခွေးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် မရှက်တတ်ကြပါဘူး။ သူတို့ကြိုက်တတ်တဲ့ အစားအသောက်များ မြင်မိ၊ အနံ့ရမိပြီဆိုရင် လူရှေ့မှာလာပြီး မျက်စိနောက်အောင် လမ်းသလားပြ၊ လူသနားလာအောင် မျက်လုံးကလယ်ကလယ်နဲ့ အစာကျွေးဖို့ လာမျှော်နေတတ်တာကို ခွေးမွေးဖူးသူတိုင်း သိကြပါတယ်။ အသနားခံတတ်တဲ့ နေရာမှာတော့ ခွေးတွေလောက် ကျွမ်းကျင်တဲ့ သတ္တ၀ါသိပ်မရှိလောက်ဘူး ထင်ပါတယ်။ အောက်ဘက်မှာတော့ အစာစားရဖို့အရေး သခင်ကို ပတ်ချွဲနပ်ချွဲနဲ့ သနားအောင် လုပ်နေကြတဲ့ ခွေးလေးတွေရဲ့ ရယ်စရာဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခွေးလိမ္မာလေး ဒေါ်ဘီလုပ်နေတာပါ.. အေးအေးဆေးဆေး စားတော့မယ်လို့ လုပ်တိုင်း ဒီ(၄)ကောင်က ချက်ခြင်းပေါ်လာတတ်တယ်… ဒီလောက် ချုပ်ထားတာတောင် ရအောင်စားတတ်တယ်.. တံခါးအပြင်မှာ ခွေးဟောင်သံကြားလို့ ထွက်ကြည့်တာ ဘယ်သူမှမရှိဘူး…ပြန်လာတော့ ပီဇာတစ်ချပ်ပျောက်သွားပြီ.. လင်းတတွေလိုပဲ ၀ိုင်းအုံနေကြတာ… BBQ […]

ပရဟိတလုပ်ရင်း ဂုဏ်သိက္ခာကို အစော်ကားခံရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

ပရဟိတလုပ်ရင်း ဂုဏ်သိက္ခာကို အစော်ကားခံရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ   From Khine Hnin Wai Facebook

“သူ့ကိုယ်သူအပြစ်တင်ပြီး တစ်ညလုံးငိုနေတဲ့ နေခန့်မင်းသစ်ကို” ဝေဖန်နေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ Idol ပြိုင်ပွဲဝင်ဟောင်း မိုင်းမိုင်ဆန်း

မြန်မာအိုင်ဒေါ မိသားစုဝင်တစ်ဦးဖြစ်တဲ့ season 2 top 4 ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကတော့ မြန်မာပြည်သိန်းတန်ဟာ အစီအစဉ်အောင်မြင်ဖို့အတွက် ဘီးလူးဆိုင်း တီးပေးရတဲ့သူ ဖြစ်တယ်လို့ ဖွင့်ပြောလိုက်ပါတယ်။ မနေ့ကပဲ သူမရဲ့ ဖေ့ဘုတ်ကနေ ခုလို ပြောလိုက်တာပဲ ဖြစ်ပါတယ်။ “ဒီအချိန်မှာအန်ကယ်က ဘီလူးဆိုင်းတီးပြရတော့တာပေါ..အစီစဉ်တစ်ခုအောင်မြင်ဖို့ ဗီလိန်မင်းသားတစ်ယောက်ကလည်းမရှိမဖြစ်လိုအပ်ပါတယ်…ဘာဘဲပြောပြော Idol ကိုအသက်ပြန်ဝင်စေခဲ့တဲ့အန်ကယ်ကို ကျေးဇူးတကယ်တင်မိတယ်” ဆိုပြီး ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။ ယမန်နေ့ကတော့ မြန်မာပြည်သိန်းတန်က မြန်မာအိုင်ဒေါဟာ ဇာတ်ညွှန်းနဲ့ လုပ်နေတာ မဟုတ်ကြောင်း တုန့်ပြန်ထားပါတယ်။ သို့ပေမယ့်လည်း ဇာတ်နာအောင် လုပ်နေတယ်လို့တော့ ပရိတ်သတ်တွေက မြင်နေကြတာကို တွေ့ရပါတယ်။ (မိုင်းမိုင်ဆန်း ရေးသားချက်အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်) ပြောချင်တာက..ထုံးစံတိုင်းလျှာရှည်ပါဦးမယ်လေ မနေနိုင်မထိုင်နိုင်လို့…အန်ကယ့်ကိုဘဲလည်းအပြစ်မတင်ကြပါနဲ့.. ကျေးဇူးတင်တတ်ရင် အပြစ်တင်ခံရတဲ့ […]

ကျော်သူ နာရေးကူညီအသင်းကို ဘယ်လိုရောက်လာတာပါလိမ့်

ကျော်သူလို့ပြောလိုက်တာနဲ့ ပရိသတ်တော်တော်များများရဲ့ချစ်ခြင်းကို ခံနေရပြီး အများကသိထားတဲ့ အကယ်ဒမီမင်းသားချောကျော်သူ မဟုတ်တော့ဘဲ ပရဟိတမင်းသားကြီး ဦးမောင်ဆိုတဲ့နာမည်ကိုပါ အများကအသိအမှတ်ပြုလက်ခံထားရှိသူတွေပါ။ ကျော်သူဆိုတာ “ ချစ်ကြိုးကလေးနှစ်မျှင် ” ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ၀င်ရောက်လာသူပါ။ အဲဒီကားမှာ ကိုသုမောင်၊ အန်တီချိုပြုံး၊ မသီတာဝင်း၊ တင်နီလာဝင်း တို့နဲ့အတူ ကျော်သူ(နှစ်ကိုယ်ခွဲ) ပါဝင်ခဲ့ပါတယ် ဆိုပြီး ကျော်သူရဲ့ဖေ့ဘုတ်စာမျက်နှာတစ်ဆင့် ပြောပြသွားတာပဲဖြစ်ပါတယ်။ နောက် ထပ်ပြီးပြောပြထားတာက “ အခုကျော်သူ ရုပ်ရှင်လောကထဲကနေ (၁၀)နှစ်ကျော်နားခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာအဖြစ် ဖခင်ကုမ္ပဏီကထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကားအတွက်ပြင်ဆင်နေစဉ် ယနေ့ နာမှု့ကူညီရေး (ရန်ကုန်) အသင်းတို့ အန်တီချိုပြုံး ပရဟိတကိစ္စနဲ့ ကျွန်တော့ဆီရောက်လာတယ်၊ နောက်နာရီပိုင်းအတွင်း မသီတာဝင်းလည်း အလှူငွေလှူဒါန်းရင်းဖြင့်ရောက်ရှိလာပြန်တယ်၊ ရိုက်ကူးမည့်ရုပ်ရှင်ဇာတ်ကားအတွက် အတိတ်ကောင်းနိမိတ်ကောင်းပင်ဖြစ်ပေတော့သည်၊” ဆိုပြီးအတိတ်ကဖြစ်ရပ်လေးတွေကို ကျော်သူကပြန်လည်ပြောပြထားတာပဲဖြစ်ပါတယ်။ […]

ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ် အဖြစ်ရွေးချယ်ခံလိုက်ရတဲ့ ရွှေအိမ်စည်

ပရိသတ်တွေရဲ့ အသည်းကျော် အလှမယ် ရွှေအိမ်စည်ဟာ Miss Golden Land Myanmar 2018 ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ် Miss Rankine State 2018 အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူမဟာ ၂၀၁၇ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2018 ပြိုင်ပွဲမှာ သူမရဲ့ သရဖူကို ပြန်လည် သိမ်းဆည်းခံခဲ့ရပြီး Miss Grand International 2018 ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရပ်ဆဲခံခဲ့ပြီး ပရိသတ်တွေကြားမှာလဲ အတော်လေးကို ဂယက်ထစေခဲ့တာလဲ ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက သူမ သရဖူ အသိမ်းခံခဲ့ရတာဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်ပါဆိုပြီး အတိအကျ ထုတ်ပြန်ကြေညာခဲ့ခြင်းမ၇ှိပေမယ့် […]

အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ရုပ်ဖျက်နိုင်စွမ်းရှိသော တိရစ္ဆာန် ( ၁၅ ) ကောင်

ကျွန်တော်တို့လူသားတွေကတော့ အစိမ်းရောင်အဝတ် အညိုရောင်အဝတ်တွေဝတ်ကာ ပုံစံအမျိုးမျိုးနဲ့ချုံတွေ တောတွေထဲမှာ ရုပ်ဖျက်နိုင်ပါတယ်။ဒါပေမယ့် ဒီတိရစ္ဆာန်တွေရဲ့ရုပ်ဖျက်မှုနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်ညံ့ဖျင်းနေတာတွေ့ရမှာပါ။ ဒီအကောင်တွေမှာတော့ အမိုက်ဆုံး ရုပ်ဖျက်မှုဆိုင်ရာနည်းစနစ်တွေရှိပြီး သင်တွေ့ဖူးမှာတော့မဟုတ်ပါဘူး။အများစုကိုတော့ မြင်ကွင်းမှာတွေ့ရဖို့ပင်ခဲယဉ်းလှပါတယ်။ ၁။သစ်ရွက်ပုံစံ တောက်တဲ့ သူ့ရဲ့နာမည်အတိုင်းပါပဲ သူဟာ အညိုရောင်သစ်ရွက်ခြောက်ပုံစံသွင်ပြင်နဲ့ပါ။ဒါ့ကြောင့်လည်းသားရဲတွေကို မမြင်နိုင်စေတာပေါ့။ ၂။ခြေဖျားကွေးပင့်ကူ ဒါက ကြောက်စရာကောင်းလွန်းပါတယ်။သစ်ကိုင်းတွေမှာတွယ်ကပ်နေတဲ့ဒီအကောင်ကိုတွေ့ဖို့ခဲယဉ်းပါတယ်။ ၃။မီးခိုးရောင် သစ်ကပ်ဖား သေချာကြည့်ရင်တော့ သစ်ကိုင်းနားမှာ အပေါ်ကိုတွယ်တက်နေတဲ့ ဖားတစ်ကောင်ကိုတွေ့ရမှာပါ။ပြောင်မြောက်တဲ့ ရုပ်ဖျက်မှုပါပဲ။ ၄။Tropidoderus childrenii ( ခေါ် ) ကလေးတုတ်ကပ် အင်းဆက် ကျွန်တော်တို့လူသားတွေကတော့ အစိမ်းရောင်အဝတ် အညိုရောင်အဝတ်တွေဝတ်ကာ ပုံစံအမျိုးမျိုးနဲ့ချုံတွေ တောတွေထဲမှာ ရုပ်ဖျက်နိုင်ပါတယ်။ဒါပေမယ့် ဒီတိရစ္ဆာန်တွေရဲ့ရုပ်ဖျက်မှုနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်ညံ့ဖျင်းနေတာတွေ့ရမှာပါ။ ဒီအကောင်တွေမှာတော့ အမိုက်ဆုံး ရုပ်ဖျက်မှုဆိုင်ရာနည်းစနစ်တွေရှိပြီး သင်တွေ့ဖူးမှာတော့မဟုတ်ပါဘူး။များစုကိုတော့ […]