သူ့ဘ၀ရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးကို ရဲရဲဝံ့ဝံ့ဖွင့်ပြောလိုက်တဲ့ Dee Dee

Dee Dee (ခေါ်) Lar Par Dee ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Social Media Influencer တွေထဲက တစ်ယောက်ပါ။စိတ်ခွန်အားပေးတဲ့ မှတ်သားစရာ အကြောင်းအရာလေးလေးတွေကို သူ့ရဲ့ ကိုယ်တွေ့ အတွေ့ အကြုံလေးတွေ၊တခြားဗဟုသုတရစရာလေးတွေကို ဝေမျှပေးတတ်သူပါ။ Facebook ပေါ်က Dee Dee Burmese Vlog ကတော့ လူငယ်တွေကြားမှာ ရေပန်းစားပြီး Followers တွေ အများကြီးပိုင်ဆိုင်ထားသူပါ။ကချင်ပြည်နယ် တနိုင်းမြို့ လမုန်ခကျေးရွာမှာ မွေးဖွားခဲ့တဲ့ ကချင်လူငယ် လီဆူးတိုင်းရင်းသားပါ။ အသက်(၁၆)နှစ်လောက် မှာတော့ ထမင်း စားရေသောက် လောက်ပဲ ပြောတတ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုနဲ့ စင်္ကာ ပူနိုင်ငံကို ရောက်သွားခဲ့ပါတယ်။ စင်္ကာပူမှာ (၃)နှစ် […]

“ကြက်ဂူ ” ရိုက်ကူးရေးလုပ်နေရင်းနဲ့ ကျောက်စွန်းပေါ်ကအခေါင်းကြီး ရဲ့ထူးခြားတဲ့ အံ့သြစရာဖြစ်ရပ်

“ကြက်ဂူ ” ရိုက်ကူးရေးလုပ်နေရင်းနဲ့ ကျောက်စွန်းပေါ်ကအခေါင်းကြီးနေရာရွေ့သွားတယ်လို့ပြောပြခဲ့တဲ့ ဟာသသရုပ်ဆောင်ညှောင်ညှောင် အံ့သြစရာတွေ ပြည့်နှက်နေတဲ့ ကယားပြည်နယ်မှ ကြတ်ဂူအထိ သွားရောက်ရိုက်ကူးခဲ့တဲ့ ” ကြက်ဂူ ” ဆိုတဲ့ ပညာပေးဇာတ်ကားလေးကို ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ အဲဒီကြက်ဂူအတွင်းပိုင်း မှာတော့ ၁၂ ပေ ၁၃ ပေရှည်ပြီ်း ကျွန်းတစ်ပင်ထဲကို ထွင်းထားပြီး အချို့ဆို ၁၆ ပေထိရှည်လျားတဲ့ ခေါင်းတလားများရှိပြီး လူတွေသွားလာနေတာ ၂နှစ် တောင် မှမရှိသေးပါဘူး ။ တစ်ခုထူးဆန်းတာက ဂူပေါက်ရောက်ပြီး မြွေတွေ့လို့ ပြန်သွားတဲ့လူ ရှိသလို အတူတူသွားပြီး မတွေ့ပဲ ဝင်သွားရတာတွေလည်းရှိပါတယ်လို့လည်းသိရပါတယ် ။ ဟာသ သရုပ်ဆောင်ညှောင်ညှောင်ကတော့ ဒီကားမှာ အရက်သမားနေရာက ပါဝင် သရုပ်ဆောင်ထားပြီး ရိုက်ကူးရေးလုပ်နေတဲ့ […]

စိန်ခေါ်နေတဲ့ဇာတ်ကောင်အတွက်ခန္ဓာကိုယ်အချိုးအစားကိုလုံးဝပြောင်းလိုက်တဲ့ကျော်ကျော်ဗိုလ်

ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးဖန်တီးပုံဖော်နိုင်အောင် အမြဲကြိုးစားပြီး ပရိသတ်တွေကို ချပြတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေ အံ့အားသင့်သွားလောက်တဲ့ ပြောင်းလဲမှုကြီးကို ချပြလိုက်ပါပြီ။ ကျော်ကျော်ဗိုလ်ကတော့ ကြွက်သားအချိုးအဆစ်တွေနဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်အချိုးအစားကနေ ဗိုက်ပူပူ ဝဝပြည့်ပြည့်လူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ “စိန်ခေါ်နေတဲ့ဇာတ်ကောင် Character တိုင်းအတွက်” ရုပ် ” ရော ” နာမ် ” ရော အဆင်သင့်ဖြစ်ဖို့ကြိုးစားနေတယ် ။2019 “ Memories Of Tomorrow “ အတွက်ကျွန်တော်အဆင်သင့်ဖြစ်ခါနီးပြီ ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ […]

ယောက္ခမကြီးနဲ့ အဆင်ပြေနေပါပြီလို့ ပရိသတ်တွေကို ပြောပြလာတဲ့ကောင်းမြတ်စံ

ကောင်းမြတ်စံကတော့ ယခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာပြသနေတဲ့ နှလုံးသားနဲ့အရင်းအနီးဆုံး ဆိုတဲ့ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားလေးတစ်လက်ပဲဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ အနုပညာကို ဝါသနာထုံလှသူတစ်ဦးဖြစ်တဲ့အပြင် ပါးနှစ်ဖက်မှာပေါ်လွင်လှတဲ့ ပါးချိုင့်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးမှုကိုရရှိထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ မနေ့ကဆိုရင်လည်း ကောင်းမြတ်စံဟာ အနုပညာရှင်လင်းဇာနည်နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံလေးတစ်ပုံကို လူမှုကွန်ယက်ပေါ်တင်ပြီး ပရိသတ်တွေကို အရွှန်းဖောက်ခဲ့ပါသေးတယ်။ ကောင်းမြတ်စံကတော့ ယခုပုံရိပ်လေးကို ယောက္ခမကြီးနဲ့ အဆင်ပြေပြီ ဘယ်အချိန်ထဖောက်မယ်မသိ စကားပြောကတော့ချောနေပြီ အယ်လယ့်ဆိုတဲ့ caption လေးနဲ့တင်ပေးလာခဲ့တာကြောင့် တချို့ပရိသတ်တွေက အံသြမှင်သက်သွားခဲ့ရသလို အမှန်ကိုသိတဲ့ပရိသတ်တွေကလည်း သူတို့မရယ်ဘဲမနေနိုင်တော့ဘူးဆိုတဲ့ ကွန့်မန့်လေးတွေကို ဒီpost လေးရဲ့အောက်မှာပေးခဲ့ကြပါတယ်။ အမှန်တကယ်တော့ ဒီပုံလေးဟာ ရိုက်ကွင်းတစ်ခုမှာ အတူတွဲရိုက်ကူးထားတဲ့ပုံရိပ်လေးတစ်ခုဖြစ်သလို ကောင်းမြတ်စံဟာ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့စိတ်လေးနဲ့ အရွှန်းဖောက်ပြီးတင်ပေးလာတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်။ အားလုံးကိုပျော်ရွှင်စေချင်တဲ့စိတ်ကလေးနဲ့ အရွှန်းဖောက်ခဲ့တဲ့ ပါးချိုင့်လေးနဲ့မင်းသားလေး ကောင်းမြတ်စံကို […]

”နောက်ဘဝမှာ မင်းသားဘဝကို လိုချင်ပါသလား”မေးခွန်းကို ဖြေလိုက်တဲ့ ဦးဇင်းကျော်ဟိန်း’

နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ခဲ့သူ အကယ်ဒမီ ကျော်ဟိန်းတစ်ဖြစ်လဲ ဦးဇင်း ကိတ္တိသာရက နောက်ဘဝမှာ ရဟန်းဘဝကို လိုချင်လား၊ မင်းသားဘဝကို လိုချင်လား ဆိုတဲ့ မေးခွန်းကို ဖေကြားခဲ့ပါတယ်။ ပရိတ်သတ်တစ်ယောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။ သက်တော် ၇ဝ ပြည့်တော့မှာဖြစ်တဲ့ ဦးဇင်းကျော်ဟိန်းက သြစတြေးလျနိုင်ငံတွင် သတင်းသုံးနေသည်။ အိမ်တစ်အိမ်တွင် ကျောင်းအမှတ်ဖြင့် သတင်းသုံးနေကြောင်းလည်း ကျော်ဟိန်း၏ သားဖြစ်သူက ပြောသည်။ သစတြေးလျမှ မြန်မာများကိုလည်း တရားများ ဟောကြားလေ့ရှိပြီး ပရိတ်သတ်က မေးမြန်းမှုကို ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဦးကိတ္တသာရက တရားကို ရိုးရိုးရှင်းရှင်း စကားပြောဟန်ဖြင့် ဟောလေ့ရှိသည်။ဦဇင်းကျော်ဟိန်းကတော့ ‘’ဘာ မှမလိုချင်တော့ဘူး’’ ဟု ဖြေဆိုလိုက်သည်။ သို့သော်လည် အဖြေရှင် ကျေနပ်အောင် သူ့ဘဝ၊ သူ့ခံယူချက်များဖြင့် […]

“မ” လို့တော့ မခေါ်ပါနဲ့ “ချီ” ဆိုလည်း ရင်ခုန်ပါတယ်ဆိုတဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာအလုပ်တွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုပိုလို့လှလာတဲ့ သူလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံ အသစ်တွေနဲ့ ပရိသတ်တွေ ရင်ခုန်အောင်လုပ်လိုက်ပြန်ပါပြီ။ နေခြည်ဦးကတော့ “မ” လို့တော့ မခေါ်ပါနဲ့“ချီ” ဆိုလည်း ရင်ခုန်ပါတယ်…. chillies တွေရဲ့ချီပေါ့ ” လို့ရေးထားပြီး သူမရဲ့ ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ အရမ်းကို လိုက်ဖက်နေတဲ့ နေခြည်ဦးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Beautybynaychilabel ကနေ ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို […]

မီးသတ်သမားတွေ ငှားပြီး သူမရဲ့ အိမ်ကြီးကို ကယ်လိုက်တဲ့ Kim Kardashian

အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကတော့ အရမ်းကို ကြောက်စရာ ကောင်း ပါတယ်။ဆယ်လီတွေဖြစ်တဲ့ Miley Cyrus, Lady Gaga ၊ Orlando Bloom တို့လည်း မီးဘေးကြောင့် နေအိမ် တွေကို စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။Miley Cyrus ကတော့မီးဘေးကြောင့်ပြာကျခဲ့ရတဲ့သူမနဲ့ Liam Hemsw orth တို့ရဲ့ အချစ်အိမ်လေးရဲ့ before and after ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ ဥာဏ်ကောင်း လွန်းတဲ့ Kim Kardashian နဲ့ Kanye West တို့ကတော့ သူတို့ရဲ့ ကန်ဒေါ်လာသန်း(၆၀)တန်ကြေးရှိတဲ့ နေအိမ် ကြီးကို မီးဘေးကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ မီးဘေးကနေ အိမ်ကြီးကို […]

နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ

မန်မာနိုင်ငံက ပုရိသတွေကြားမှာ နာမည်ကြီးနေတဲ့ ဆယ်လီ တက္ကသိုလ်ကျောင်းသူ အချောလေးတွေ ရှိပါတယ်။ကျောင်း စာတစ်ဖက် အနုပညာအလုပ်တွေတစ်ဖက်နဲ့ အလုပ်တွေများနေတဲ့ ဆယ်လီကျောင်းသူအချောအလှလေး တွေ ရှိပါတယ်။သူတို့တွေကတော့ ယွန်းယွန်း(Yoon Yoon) ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘ၀တည်းက ပရိသတ်အားပေးမှုကို ရခဲ့သူပါ။ကလေးသရုပ်ဆောင် အ ကယ်ဒမီဆုကို ရထားသူပါ။အခုဆိုရင်တော့ ကလေးသရုပ်ဆောင်ဘ၀ကနေ မင်းသမီးငယ်လေး အဖြစ် လှသွေးကြွယ် လာခဲ့ပါပြီ။ကျေင်းစာတွေကို ကြိုးစားနေသလို တစ်ဖက်မှာလည်း အနုပညာအလုပ်တွေ ကြိုးကြိုစား စား လုပ်ကို င်နေပါတယ်။ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို လေ့လာနေတဲ့ ဆယ်လီ တက္ကသိုလ်ကျောင်း သူလေးပါ။ ပိုးမမှီသာ(Poe Mamhe Thar) နောက်ထပ်ရွေးပေးချင်တဲ့ ဆယ်လီ တက္ကသိုလ်ကျောင်းသူ အချောအလှလေးကတော့ ဆေးကျောင်းသူလေး ပိုးမမှီ သာပါ။SAI Cosmetix […]

တရုတ်နိုင်ငံမြစ်ထဲက ရေထဲမြောနေတဲ့ (၅)ထပ်တိုက်အဆောက်အဦး

တရုတ်နိုင်ငံရဲ့ Yangtze မြစ်ခဲ ငါးထပ်တိုက်အဆောက်အုံကြီး ရွေ့လျားသွားလာနေတဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ် လတ်တလောခေတ်စားနေပါတယ်။ မြင်တွေ့နေကျမဟုတ်တဲ့ မြင်ကွင်းမျိုးဖြစ်ပြီး ငါးထပ်တိုက်အဆောက်အုံကြီးဟာ လှေနှစ်စင်းမှညှပ်ကာ မြစ်ထဲမြောနေခဲ့ပါတယ်။ စနေနေ့(၁၀.၁၁.၂၀၁၈) မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဆက်လက်စုံစမ်းလိုက်တဲ့အချိန်မှာတော့ တိုက်နေရာရွှေ့ပြောင်းတာဖြစ်ကြောင်း သိခဲ့ရပါတယ်။ Impression Jiangjin လို့အမည်ရှိတဲ့ စားသောက်ဆိုင်ဟာ တရုတ်နိုင်ငံမှာတော့ သိပ်ကိုနာမည်ရကာ လူလာအများဆုံးဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ မြစ်ကမ်းနဘေးမှာရှိတဲ့ ဒီစားသောက်ဆိုင်ကြောင့် Yangtze မြစ်ထဲအရင်ကထက်ပိုပြီး အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေများလာခဲ့တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ စားသောက်ဆိုင်ရဲ့စွန့်ပစ်အမှိုက်တွေကို မြစ်ထဲအလွယ်တူစွန့်ပစ်ကြပြီး အညစ်အကြေးစွန့်ပိုက်တွေဟာလည်း မြစ်ထဲပဲချထားတဲ့အတွက် Yangtze မြစ်ဟာ တစ်နေ့တခြားပို၍ညစ်ပတ်လာခဲ့ပါတယ်။ ဒီအပြင် စားသောက်ဆိုင်လာတဲ့ ဧည့်သည်များမှလည်း မြစ်ထဲကိုအမှိုက်တွေ လွယ်လင့်တကူစွန့်ပစ်သွားတာကြောင့်လည်း မြစ်ရဲ့အခြေအနေပိုဆိုးလာခဲ့တာပါ။ ဒါကြောင့်အာဏာပိုင်တွေက ဒီအရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို […]

ပုံအမိုက်စားလေးတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ စတိုင်အလန်းလေးတွေ၊ အမို က်စား ကောက်ကြောင်းလှလှလေးတွေကြောင့် နာမည်ကြီးသူပါ။ စတိုင်အလန်းလေးတွေနဲ့ အမိုက်စားဖက်ရှင်တွေကို ချပြတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ပုံအသစ်လေးတွေ တင်လိုက်ပြန်ပါတယ်။ “သာယာသောလမ်းတိုင်းဟာမဖြောင့်ဖြူးသလို…ဖြောင့်ဖြူးသောလမ်းတိုင်းဟာလဲ မသာယာနိုင်ပါ…” ဆိုပြီး Caption ရေးထားပါတယ်။ ဒီရက်ပိုင်း သူမရဲ့ လှုပ်ရှားမှုတွေကို ပြောမယ်ဆိုရင်တော့သင်ဇာဝင့်ကျော်ကတော့ နိုဝင်ဘာလ (၁၂) ရက်နေ့က ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ “ကြတ်ဂူ” ရုပ်ရှင်ဇာတ်ကား Red Carpet ပွဲ ကို တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ “လျှို့ဝှက်စာမျက်နှာ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။ ဒီကားမှာတော့ ရဲရင့်အောင်၊ သင်ဇာဝင့်ကျော် နဲ့ ခါရာတို့ ပါဝင်ထားပါတယ်။