မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သတိလစ်မေ့မျောနေပြီး သူ့ညီမ ကင်ယိုဂျောင်က ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးကိစ္စရပ်တွေကို လက်တွေ့ ထိန်းချုပ်ထားတယ်လို့ တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံရဲ့လက်ထောက်ဟောင်း ချန်ဆောင်းမင်ကို ကိုးကား ပြီး မီဒီယာအတော်များများက ကြေညာနေကြပါတယ်။
ချန်ဆောင်းမင်ဟာ သမ္မတဟောင်းရဲ့ နိုင်ငံရေးဆိုင်ရာ အတွင်းရေးမှူးနဲ့ ပြည်တွင်းကိစ္စ ရပ်များစောင့်ကြည့်ရေးရုံးရဲ့အကြီးအကဲလည်း ဖြစ်ခဲ့ဖူးတာပါ။မြောက်ကိုရီးယားက ဘယ်ခေါင်းဆောင်မဆို အင်မတန်နေမကောင်းဖြစ်နေတာ ဒါမှမဟုတ် အာဏာသိမ်း ဖယ်ရှားခံရတာ မဟုတ်ဘဲ သူတို့ရဲ့ဘယ်လိုအာဏာကိုမဆို သူများကိုလွှဲဖို့ မယုံကြ ဘူးလို့ သူက အခိုင်အမာ ပြောပါတယ်။
ကင်ဂျုံအန်းဟာ သတိလစ်နေပေမယ့် သေတော့ မသေသေးဘူးလို့ ချန်ဆောင်းမင်ကို ကိုးကားပြီး သည်ကိုရီးယား ဟားရဲဒ်သတင်းဌာနက ဖော်ပြပါတယ်။ကင်ဟာ ဧပြီ ၁၁ ရက်က လုပ်သားပါတီပေါ်လစ်ဗျူရိုအစည်းအဝေးကို သဘာပတိအဖြစ် တက်ရောက်ခဲ့ပြီး မေလ ၂ ရက်က ဓာတ်မြေသြဇာစက်ရုံ ဖွင်ပွဲကို တက်ရောက် ဖဲကြိုးဖြတ် ပေးခဲ့ပုံကို မြောက်ကိုရီးယားအစိုးရမီဒီယာ ကေစီအန်အေက ကြေညာခဲ့ပါတယ်။ဒါပေမယ့် ချန်ဆောင်းမင်ကတော့ လတ်တလောလတွေအတွင်း မြောက်ကိုရီးယားက ထုတ်ပြန်တဲ့ ကင်ဂျုံအန်းရဲ့ ဓာတ်ပုံအားလုံး အတုတွေလို့ အခိုင်အမာပြောခဲ့ကြောင်း သည်ဟိန်ဒူ စတန်တိုင်းမ်စ်သတင်းဌာနက သြဂုတ် ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။