ကင်ဂျုံအမ်မှာ ကျန်းမာရေးပြသနာတစ်ခုခုရှိနေပြီလား

Posted on

ယခုအပတ်အတွင်းကျင်းပခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကအခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအမ် တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သတ်ပြီး လေ့လာသူတွေက အမျိုးမျိုးထင်မြင်ချက်တွေပေးနေကြပါတယ်။ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နေနေ့လို့ ခေါ်တဲ့ အစိုးရ ရုံးပိတ်ရက်ဖြစ်ကာ မြောက်ကိုရီးယားနိုင်ငံရဲ့ဖခင်, ကင်ဂျုံအမ်ရဲ့အဖိုး Kim Il Sung ရဲ့ မွေးနေ့အခမ်းအနားကျင်းပရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။အစိုးရအဖွဲ့ဝင် လူကြီးတွေအားလုံးဟာ Kim Il Sungရဲ့ ဆေးစိမ်ရုပ်အလောင်းထားရှိရာ Kumsusan Palace of Sun ကိုတက်ရောက်ခဲ့ပုံကို သတင်းတွေက ဝေဝေဆာဆာဖော်ပြခဲ့ပေမယ့် အရေးကြီး ပုဂ္ဂိုလ် ပျောက်နေတာကိုတော့ မဖော်ပြခဲ့ပါဘူး။ ဟုတ်ပါတယ် ။ ကင်ဂျုံအမ် မတက်ရောက်ခဲ့ပါဘူး။

အသက် ၃၆ နှစ်အရွယ် အဝလွန်နေသူ တစ်ဦးဖြစ်တဲ့ ကင်ဂျုံအမ်ရဲ့ အခမ်းအနားတက်ရောက်မှုမရှိခဲ့ခြင်းက ကျန်းမာရေးပြသနာကြောင့်ပဲဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားဘက်က တောင်မြောက်နှစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ကင်ဂျုံအမ်ရဲ့အခြေအနေကို စုံစမ်းခဲ့ရာမှာလည်း မြောက်ကိုရီးယားဘက်က တစ်စုံတစ်ရာ ပြန်လည်ဖြေကြားမှုမရှိခဲ့ပါဘူးတဲ့။ဒါဟာ ဆယ်စုနှစ်အတွင်း ကင်ဂျုံအမ်ရဲ့ အဖိုးမွေးနဲ့အခမ်းအနားကို မတက်ရောက်တာ ပထမဆုံးအကြိမ်လဲဖြစ်လို့နေပါတယ်။ ပုံမှန်ဆိုရင်တော့ ကင်ဂျုံအမ်ဟာ ဘိုးဘွားတွေအပေါ်ရိုသေမှုကို ပြသခြင်းအားဖြင့် သူ့အဖေနဲ့ အဖိုးရဲ့ မွေးနေ့အခမ်းအနားမျိုးကို ပျက်ကွက် တတ်သူမျိုးမဟုတ်ပါဘူး။

ကင်ဂျုံအမ်ကို နောက်ဆုံးအနေနဲ့ သတင်းစာမျက်နှာမှာတွေ့လိုက်ရတာက ပြီးခဲ့တဲ့စနေနေ့ ပါတီအစည်းအဝေးကဖြစ်ပြီး April ၁၄ ကပြုလုပ်ခဲ့တဲ့ ဒုံးကျဉ်ပစ်လွှတ်စမ်းသပ်ရေးမှာလည်း သူ့ကိုသတင်းစာမျက်နှာတွေမှာမတွေ့ခဲ့ရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *