ဒီအဖြစ်အပျက်လေးဟာ ရုပ်ရှင်ထဲမှာ မဟုတ်ပါဖူးနော်… တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တာပါ…ဗွီဒီယိုဖိုင်လေးကြည့်ပီး စိတ်မကောင်းလိုက်တာ….နှစ်ယောက်လုံး ဘယ်လောက်တောင်မှ ခံစားနေရရှာမလဲ…ချန်ခဲ့ရမယ့်သူနဲ့ ကျန်နေခဲ့ရမယ့်သူနဲ့ သူတို့ကြည့်ပီး ရင်ထဲမှာ စစ်ကနဲ့ နာကျင်ရပါတယ်…သူတို့နေရာမှာ ကိုယ်သာဆိုရင် ရူးသွားနိုင်လောက်တယ်…။တကယ်လေးစားပါတယ် သူတို့သမီးကိုလဲ…။
ရင်ထဲမှာနာကျင်ပေမယ့် ပြုံးထားနိုင်တဲ့ သူတို့သမီးလေး ။ချစ်ရသူရဲ့ နောက်ဆုံးအချိန်မှာ ပျော်ရွှင်မှုတွေ ဖန်တီးပေးတဲ့ သူတို့သမီးလေး။နေရစ်တော့ကွယ်ဆိုပီး နှုတ်ဆက်နေရှာတဲ့ သတို့သားရဲ့ မျက်ဝန်းတွေရဲ့ အကြည့်…။နှုတ်ဆက်ထွက်ခွါရတော့မည့် နောက်ဆုံးအချိန်မှာ အသက်ကိုပြင်းပြင်းရှုရှိုက်ရင်း ပြုံးပြနေရှာတဲ့ သတို့သားလေး။နောက်ဘဝတွေမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေကနေ ကင်းလွှတ်နိုင်ကြပါစေ