ဆိုင်ကယ် ကယ်ရီ ဆွဲနေတယ်လို့ တစ်ယောက်ယောက်က ပြောလိုက်ရင် သင့်စိတ်ထဲမှာ အထင်သေးမသွားရင်တောင် အထင်ကြီးစိတ်ဝင်လာဖို့ ခက်တယ်မဟုတ်လား။ နေပူထဲ၊ မိုးရွာထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ခရီးသည်ရအောင် ကြိုးစားနေကြတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို သင့်စိတ်ထဲမှာ မြင်ယောင်သွားမိပြီလေ။
ဒါပေမယ့် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့က ဆိုင်ကယ် ကယ်ရီ သမားတွေကို သင်မြင်ရင်တော့ သင့်ရဲ့ အထင်သေးတဲ့စိတ်က ပျောက်သွားမှာပါ။ နိုင်ရိုဘီ မှာ boda boda လို့ခေါ်တဲ့ ဆိုင်ကယ် ကယ်ရီ သမားတွေရှိပြီး သူတို့ကို အာဖရိကန်စတိုင်အူဘာ တွေလို့တောင် တင်စားကြပါတယ်။
သူတို့က အာဖရိကနိုင်ငံ အရှေ့ပိုင်းမှာ အများဆုံးတွေ့ရသူတွေဖြစ်ပြီး ကင်ညာနိုင်ငံတွင်းမှာတော့ ထောင်နဲ့ချီတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေရှိကြပါတယ်။ သူတို့ရဲ့ ပို့ဆောင်မှုက မြန်ဆန်သလို သိပ်လည်းဈေးမကြီးတဲ့အနေအထားကြောင့် လူအများစုက သူတို့ရဲ့ ခရီးစဉ်တွေအတွက် အသုံးပြုလေ့ရှိကြတာပါပဲ။
ဒါပေမယ့် နယ်သာလန် ဓာတ်ပုံဆရာ ယန်ဟော့ခ် ကတော့ ကင်ညာဖက်ရှင်ဒီဇိုင်နာ ဘော့ဘင် ကေ့စ်ရဲ့အကူအညီနဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ဆိုင်ကယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်ဒီဇိုင်းတွေ ဆင်ပေးခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သူ့ရဲ့ ပရောဂျက်ကို “Boda Boda Madness” လို့ခေါ်ပြီး ဆိုင်ကယ် ကယ်ရီသမားတွေရဲ့ ဖက်ရှင်တွေဟာ လုံးဝကို အလန်းကြီးတွေဖြစ်ကုန်ကြတာပါ။ ဒီပုံတွေကို ကြည့်လိုက်ရင် နိုင်ရိုဘီ ကိုရောက်တဲ့အခါ သင် ဆိုင်ကယ် ကယ်ရီစီးဖို့တောင် ခပ်ရွံ့ရွံ့ဖြစ်သွားမှာ သေချာပါတယ်နော်။