ကင်ညာနိုင်ငံက အိမ်ခြေယာမဲ့စုံတွဲကို ဖိုတိုမော်ဒယ်လ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ…

ကင်ညာနိုင်ငံမှ နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦး Nairobi က ထူးထူးခြားခြားလေးဖြစ်အောင် အိမ်ခြေယာမဲ့ စုံတွဲတစ်တွဲကို ဖိုတိုမော်ဒယ်လ်အဖြစ် အသုံးပြု ရိုက်ကူးထားတာကို တွေ့ရမှာပါ။ အချစ်စစ်ဆိုတာ ဂုဏ်ပကာသနတွေ မပါဘဲ ဖြူစင်တဲ့ချစ်ခြင်းသာလျှင် အချစ်စစ် ဖြစ်တယ်ဆိုတာကို ဖော်ကြူးတဲ့အနေနဲ့ ဒီလိုရိုက်ကူးရခြင်း ဖြစ်တယ်လို့ Nairobi ကဆိုပါတယ်။

Sammy ခေါ် Blackie အမည်ရ အိမ်ခြေယာမဲ့အမျိုးသား တစ်ဦးက သူနဲ့ဘဝတူ မိန်းကလေး တစ်ယောက်နဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီးမှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ Sammy က “ ချစ်သူတစ်ဦးနဲ့ တစ်ဦး လိုအပ်ချက်တွေကို နားလည်ပေးမယ်၊ တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြမယ်၊ ဂုဏ်ပကာသနတွေကို ဘေးဖယ်ထားပြီး သစ္စာရှိရှိချစ်သွားမယ်ဆိုရင် အချစ်စစ်ပါပဲ။ ကျွန်တော် ကတော့.. အချစ်စစ်ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူတစ်ယောက်ပါ” လို့ ဆိုပါတယ်။

ဓာတ်ပုံဆရာ Nairobi က သူတို့နှစ်ဦးကို အိမ်ခြေယာမဲ့ပုံစံနဲ့လည်း ရိုက်ကူးထားတဲ့အပြင် သူတို့ကို ပြောင်းလဲပြင်ဆင်ပေးလိုက်တဲ့ ပုံရိပ်တွေကိုလည်း တွေ့မြင်ရမှာပါ။ ကဲ.. ဒီတော့ သူတို့နှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်။

နန်း(ရွှေအင်းလေး)

Leave a Reply

Your email address will not be published. Required fields are marked *