ကဗျာစာတွေဖွဲ့ဆိုသီကုံးရင်း ချစ်သူရှိလာတဲ့အကြောင်းကို ဝန်ခံလိုက်တဲ့ ဖြူ ဖြူ ကျော်သိန်း

Posted on

မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ ပရိသတ်တွေ ရင်းနှီးပြီးလောက်မယ်ထင်တယ်။ ဖြူဖြူကျော်သိန်းက အမြဲဆန်းသစ်စေမယ့် ဖက်ရှင်တွေဝတ်ဆင်ခြင်းနဲ့ အသံပါဝါအားကောင်းရင်းတွေကြောင့် ပရိသတ်တွေသတိထားမိကာ အားပေးမှုအများဆုံးရရှိသွားတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့သီချင်းဖြစ်တဲ့ “အဘယ်ကြောင့် ဆိုသော်”သီချင်းကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အခုချိန်ထိ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းပဲဖြစ်ပါတယ်။

ကိုဗစ်ပြီးရင် သီချင်းအသစ်တွေထွက်နိုင်ဖို့အတွက် အိမ်မှာနေရင်း သီချင်းလေးတွေရေးတဲ့ပုံရိပ်လေးတွေနဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဖြူဖြူက”ရွက်ဝါလေးတွေက ကိုယ့်ခြေရင်းမှာကြွေကျရင်းပြောတယ်။”မင်းသိပ်လှတယ်တဲ့”…သစ်ပင်လေးတွေကကိုယ့်ခေါင်းနားကိုင်းလာရင်းပြောတယ်”မင်းနဲ့နီးချင်တယ်”တဲ့…လေရူးလေးတွေကကိုယ့်ဆံနွယ်တွေကိုတိုးဝှေ့ရင်းပြောတယ်။”မင်းကိုအရမ်းလွမ်းတယ်”တဲ့…မြက်ပင်လေးတွေကကိုယ့်ခြေလှမ်းတွေကိုကြည့်ရင်းပြောတယ်”မင်းဘယ်သွားမလို့လဲ”တဲ့…သူတို့အားလုံးကိုလှည့်မကြည့်ပဲကိုယ်တစ်ခွန်းတည်းပြန်ပြောခဲ့တယ်…”ကျွန်မမှာချစ်သူရှိတယ်”လို့ စာတိုကဗျာတို ပြာသိုခွာညို “လို့ဆိုကာ သူမရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဖြူဖြူရဲ့ ချစ်သူရှိလာတဲ့ အကြောင်းကိုကဗျာလေးနဲက တင်စားလိုက်တာလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ဖြူဖြူရဲ့ချစ်သူကို စိတ်ဝင်စားနေမယ်လို့ ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *