အလှူရှင်တွေကို မေတ္တာပို့သနေတဲ့ သံဃာတော်အရှင်သူမြတ်တို့ရဲ့ ကြည်ညိုစရာမြင်ကွင်းေ လးတွေ ဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လ ည် မျှဝေလိုက်ရပါတယ်နော်။ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၊ မဇ္ဈိမဂုဏ်ရည်မဟာစည်တောရ ရိပ်သာ ကြီးအတွင်းသီတင်းသုံးတော်လျက် ပရိယတ် ပဋိပတ် အားထုတ်လျက်ရှိကြကုန်သော
မဇ္ဈိမဂုဏ်ရည်ဆရာတော်နှင့်တိုက်အုပ်ဆရာတော်, စာချစာသင် သံဃာတော် အရှင်သူမြတ် တို့အား ရာသက်ပန်ဆွမ်းအလှူရှင် သဒ္ဓါဆွမ်းအလှူရှင် ရာသက်ပန် လျှပ်စစ်မီးအလှူရှင် တို့၏ လှူဒါန်းမှုအစုစုတို့ကိုသံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာပို့သခြင်း, ပစ္စဝေက္ခဏာဆင်ခြင်ကြပါသည်။ အလှူရှင် များနှ င့်တကွ ကမ္ဘာသူ /ကမ္ဘာသားများအားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ် ဆိုနိုင်ကြပါစေ။
မကောင်းသော ဘေးဥပါဒ် ရန်စွယ်အန္တရာယ်ဟူသမျှတို့မှ ကင်းဝေးကြပါစေ။ မကောင်းေ သာေ ရာဂါ ဘယကပ်ဆိုးတို့မှ ကင်းဝေးကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြ ပါစေ။ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ။ အစစအရာရာ အဆင်ပြေကြပါစေ။ ခရက်ဒစ် မဇ္ဇျိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ