ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို တရုတ်က ဒေါ်လာ ၃၀ မီလီယံထောက်ပံ့ပေးမည်

Posted on

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ Covid-19ရောဂါနဲ့ပတ်သတ်ပြီးကိုင်တွယ်ဖြေရှင်းပုံကို ဘဝင်မကျတဲ့အမေရိကန်က ပုံမှန်ထောက်ပံ့နေတဲ့ ရန်ပုံငွေကိုရပ်တန့်မယ်လို့ကြေငြာအပြီးမှာ တရုတ်နိုင်ငံက သူတို့အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွက် အမေရိကန်ဒေါ်လာ သန်း၃၀ ထောက်ပံ့ပေးမည်လို့ ဧပြီတကယ်တော့ အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုရန်ပုံငွေအများဆုံးထောက်ပံ့ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် Covid-19 ကိုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ တရုတ်နိုင်ငံကို ကာကွယ်ပေးနေတာတွေဟာ အမေရိကန်ကို ဒေါသထွက်စေခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang ရဲ့အဆိုအရ ယခုဒေါ်လာ ၃၀ မီလီယံဟာ ယခင်ထောက်ပံ့ပေးနေတဲ့ ဒေါ်လာ ၂၀မီလီယံကို ထပ်ပေါင်းပေးတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးအတွက် စုစုပေါင်း ဒေါ်လာ ၅၀မီလီယံထောက်ပံ့ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ သူကယခုလို ထပ်ပေါင်းထောက်ပံ့ခြင်းဟာ ရောဂါဖြစ်ပွားချိန်နဲ့ကိုင်တွယ်ချိန်တွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်နိုင်ငံကိုယုံကြည်မှုအပြည့်အဝပေးခဲ့တာကြောင့်ဖြစ်တယ်လို့ လည်းပြောပါတယ။်လ၂၃ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

သမ္မတထရန့်ဘက်က ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို အမေရိကန်ပြည်သူတွေရဲ့ အခွန်ထဲက နေ နှစ်စဉ် ဒေါ်လာ သန်း ၄၀၀ ကနေ ၅၀၀ ကြားထောက်ပံ့နေတာကိုမှမထောက် နှစ်စဉ် ဒေါ်လာ သန်း ၄၀ တောင်အနိုင်နိုင် ထောက်ပံ့နေတဲ့ တရုတ်ဘက်ကရပ်တည်ခြင်းဟာ သဘာဝမကျပါဘူး။ ဒါ့အပြင် ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့တရုတ်ကို စောစီးစွာ ကိုင်တွယ်နိုင်ပါက အသေအပျောက်နည်းမှာဖြစ်ပြီး ယခုဟာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ တရုတ်ကို အယုံလွန်ပြီး လွှတ်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ယခုဆို ကမ္ဘာတစ်ဝှမ်း Covid-19 ကြောင့်သေဆုံးသူဦးရေ ၁၈၁,၀၀၀ ကျော်သွားပြီဖြစ်ကာ နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာကူးစက်နေပြီဖြစ်ပါတယ်။ ဘေဂျင်းအစိုးရကတော့ အမေရိကန်အနေနဲ့ ရန်ပုံငွေဆက်လက်ထောက်ပံ့ပေးသင့်ပြီး ယခုဆုံးဖြစ်ချက်ဟာ Covid-19 တင်မဟုတ်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အခြားသောကျန်းမာရေးထောက်ပံ့မှုအစီအစဉ်တွေ ကမောက်ကမဖြစ်သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

တရုတ်ဘက်ကလည်းအနောက်နိုင်ငံတွေစွပ်စွဲနေသလို ရောဂါကို ဖုံးကွယ်ထားတာမျိုးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးရှိနေတယ်ဆိုတာကို ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ရောဂါပိုးနဲ့ပတ်သတ်ပြီး သတိပေးခဲ့တဲ့ ဝူဟန်မြို့က ဆရာဝန် Li Wenliang ကို ရဲတပ်ဖွဲ့က ကောလဟာလမဖြန့်ဖို့ သတိပေးခဲ့တာတွေရှိတာကိုတွေ့ရပါတယ်။အမေရိကန်ကတော့ လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အကြီးအကဲဖြစ်သူ အီသီယိုးပီးယားနိုင်ငံသား Mr. Tedros Adhanom Ghebreyesus ရဲ့ တရုတ်နိုင်ငံအပေါ်အယုံကြည်လွန်ကဲမှုကို ထောက်ပြဝေဖန်နေတာလည်းဖြစ်ပါတယ်။လတ်တလော အမေရိကန်ဟာ ကမ္ဘာမှာ Covid-19 ကိုအဆိုးရွားဆုံးခံစားနေရတဲ့တိုင်းပြည်ဖြစ်ကာ သေဆုံးသူ ၄၆,၀၀၀ ကျော်သွားပြီလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ကူးစက်မှုနှုန်းလျော့နည်းသွားပြီဆိုပေမယ့် ပြည်ပက ပြန်လည်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေကတဆင့် ရောဂါပြန်လည်ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *