ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံက ဘရာစီယာခြံစည်းရိုး

Posted on

လောလောဆယ်မှာတော့ ဒီနေရာဟာ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်တဲ့ နယူးဇီလန်နိုင်ငံမှ ဆန်းကြယ်သော နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာကိုတော့ “ဘရာခြံစည်းရိုး”လို့ခေါ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျနေတဲ့ ကမ္ဘာကျော်နေရာတစ်ခုလည်းဖြစ်ပါတယ်။

ထိုဘရာခြံစည်းရိုးမှာတော့ ကျွန်တော်တို့ ပုံစံမျိုးစုံနဲ့ အရွယ်အစား မျိုးစုံရှိတဲ့ ဘရာစီယာ တွေကိုလေ့လာနိုင်ပါတယ်။ ထိုခြံစည်းရဲ့ နာမည်ဖြစ်တဲ့ “Bradrona”ကိုတော့ 2015ခုနှစ်မှာ ရရှိခဲ့ပြီး ဒီနေရာကိုတော့ သားမြတ်ကင်ဆာ ရန်ပုံတွေအတွက်ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဘာဘဲဖြစ်ဖြစ် နယူးဇီလန်ရောက်ရင်တော့ ဒီနေရာဟာ သင့်အနေနဲ့ သွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။ 1999ခုနှစ်က ထိုခြံစည်းရိုးပေါ်မှာ ဘရာစီယာ ၄ခုတွေ့ခဲ့ချိန်မှစ ထိုနေရာကို ကင်ဆာရန်ပုံငွေ အတွက်ပြုလုပ်ခဲ့ပြီး ထိုအချိန်မှလာရောက်လည်ပတ်သူတွေနဲ့ များပြားလာခဲ့ပါတယ်။

လာရောက်လည်ပတ်သူအချို့ကလည်း သူတို့ရဲ့ ဘရာစီယာတွေချွတ်ထားခဲ့ရာမှဘရာတွေများလာခဲ့ကာ ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျရာ နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *