ခြေတံရှည်လွန်းတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရထာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အ ကြောင်းကို Brigh tside မှာ ဖော်ပြထားပါတယ်။သူမက တော့ အ မေရိကန် အ ခြေစိုက် မွန်ဂိုလီး ယားက မိန်းကလေးပါ။နာမည်က တော့ Rentsenkhorloo Bud ဖြစ်ပြီး Ren လို့ လူသိများပါ တယ်။သူမ မှာတော့ အရမ်း ရှည်တဲ့ အရပ်၊သာမန် လူတွေနဲ့ ယှဉ်ရင် အရမ်းရှည်တဲ့ ခြေတံ တွေ ကို ပိုင်ဆိုင်ထားပါတယ်။
အရပ်က တော့ (၆)ပေ(၉)လက်မပါ။ခြေ တံ က တော့ လက်မ (၅၀) ကျော်ပါတယ်။သူမက တော့ ကမ္ဘာ့ ခြေတံ အရှည်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ပါ။သာမန်နဲ့ မတူ ထူးခြား တဲ့ ခြေတံ တွေနဲ့ ကြီးပြင်းလာခဲ့ရတာ ဟာ သူမ အတွက် တော့ စိန် ခေါ် မှု တစ်ခုပါ။
အသက် (၂၉)နှစ်အရွယ် Renny နဲ့ ၀တ်ရတာ အဆင် ပြေတဲ့ ဘောင်းဘီ၊စကပ် တွေက တော့ တော်တော်လေး ရှားတာမို့ အ၀တ်အစားပိုင်းမှာ တော့ တော် တော် လေး အခက်ေ တွ့ရပါတယ်။သူမက တော့ လက်ရှိမှာ အ မေရိကန် ချီကာဂို မှာေ န နေပါတယ်။
ငယ်ငယ်တုန်းက တော့ သူများထက် အရပ်ကြီးထိုး ထွက် နေတာ ကို မကြိုက် ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့် ကိုယ်ကို ယုံကြည်မှု ရှိလာခဲ့ပါတယ်။အရပ်ရှည် ပေမယ့်လည်း တခြား မိန်းက လေး တွေ လို ဒေါက်ဖိနပ် စီးရတာ ကြိုက်လို့ ဒေါက်လဲ စီးပါတယ်။
အရပ်က တော့ မျိုးနဲ့ ရိုးနဲ့ ကိုရှည်တာပါ။အဖေ က (၆)ပေ (၁၀)လက်မ၊ အမေက (၆) ပေ (၁) လက်မပါ။အရပ် ရှည်တာ ကောင်း ကျိုးရှိသလို ဆိုးကျိုးလည်း ရှိတယ်လို့ သူမက ပြော ပါတယ်။တခါ တလေ ဈေးဝယ်ထွက်ရင် တံခါး နဲ့ ခေါင်းဆောင့်မိတာ မျိုး တွေရှိတယ်လို့ ဆိုပါတယ်။
မြင့်တဲ့စင်မျိုးတွေ ဆိုရင် တော့ ခုံခု စရာ မလိုပဲ အလွယ်တကူ လက်လှမ်းမှီနိုင်တာ က တော့ ကောင်းတဲ့ အချက်ပါ။သူမက တော့ ကမ္ဘာ့ ဒုတိယ မြောက် ခြေတံ အရှည်ဆုံး မိန်း ကလေး ဖြစ်ပြီး ပထမ နေရာကို ဗိုလ် ဆွဲ ထားသူက တော့ ရုရှားက Ekaterina Lisin ပါ။
Rentsenkhorloo Bud နဲ့ Ekaterina Lisin တို့ ကတော့ ခြေ ထောက် အရှည် က သိပ် မကွာပါဘူး။၅၂ နဲ့ ၅၃ လက်မပါ။ဒါပေမယ့် Renny က တော့ ဂင်းနစ်မှတ်တမ်းဝင် ဖို့ လျှောက်တာ မျိုး မလုပ်ခဲ့ပါဘူး။ Rentsenkhorloo က တော့ “ကျမ ခြေ ထောက်တွေကို ကြိုက်တယ်။သူတို့က ကျမ ကို ပိုပြီး လှသွားစေတယ်..” လို့ ပြောခဲ့ပါတယ်။