ကိုဗစ်ကပ်ဆိုးသည် ကမ္ဘာကြီးအတွက် ကြီးမားသောစမ်းသပ်မှုတခုဖြစ်ဟု တရုတ်သမ္မတ ပြောကြား

Posted on

ကိုဗစ်ကပ်ဆိုးဟာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့စမ်းသပ်မှုကြီးတခုဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ကြိုတင် ရိုက်ကူးထားတဲ့ ဗွီဒီယို မက်ဆေ့စ်ကို နယူးယောက်မှာကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် ကုလ အထွေထွေညီလာခံမှာ ပြသသွားတာဖြစ်ပါတယ်။ ဒီညီလာခံကို ကမ္ဘာ့ခေါင်းဆောင် အချို့တက်ရောက်နေပြီး ကိုဗစ်ကာကွယ်ရေးအတွက် လူချင်း ခပ်ခွာခွာနေဖို့ စည်းကမ်း ထုတ်ထားတဲ့ ညီလာခံတခုဖြစ်ပါတယ်။ကမ္ဘာ့ခေါင်းဆောင်အချို့ကတော့ ကိုဗစ်အခြေအနေကြောင့် ပြည်ပကိုခရီးသွားခြင်းမပြုပဲ သက်ဆိုင်ရာနိုင်ငံကနေ ဗွီဒီယို မက်ဆေ့စ်ပို့တာ၊ အွန်လိုင်းကနေ စကားပြောတာတွေ လုပ် နေပါတယ်။အဲဒီ မိန့်ခွန်းအတွင်း သမ္မတရှီက -”ကမ္ဘာကြီးဟာ စကြာင်္ဝဠာဆိုင်ရာ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကမ္ဘာကြီးရဲ့အနာဂတ်အတွက် ဖွံဖြိုးတိုးတက်မှု အသီးအပွင့်တွေကို နိုင်ငံအားလုံးက မျှဝေပေးဖို့လိုနေတယ်”- လို့ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံဟာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံကြီးတွေအချင်းချင်းကြားမှာ စစ်ရေးတင်းမာမှုမရှိတဲ့ ပထမဆုံးအကြိမ် ညီလာခံဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *