ဥက္ကာမင်းမောင်ကတော့တစ်ချိန်ကမြန်မာပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့ မင်းသားချောလေးပါ။ မြန်မာ့ကိုယ်စားပြုပြီးလည်း Mister Tourism World ဆုကို ရယူပေးထားတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနယူးယောက်မြို့မှာနေထိုင်တာပါ။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မျှဝေလေ့ရှိပါတယ်။
ဒီနေ့မှာတော့ နှစ်သစ်ဦးမှာ အလှူလုပ်ဖြစ်တဲ့အကြောင်းကို “ဒီနေ့ New York မြို့မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်း ကို ဘုန်းဘုန်းတို့ အတွက်အစားအသောက်လိုအပ်တာလေးတွေသွားလှူတာ Covid ကာလဆိုတော့ ဘုန်းကြီးကျောင်းအထဲမဝင်ရဘူး.. အပြင်က ခြင်းတောင်းလေးမှာပဲထည့်ခဲ့ရတယ်.. ဘုန်းဘုန်းက ထွက်နှုတ်ဆက်တော့ လမ်းမပေါ်ကပဲထိုင်ကန်တော့ခဲ့တယ်.. နှစ်သစ်ဦး ကိုယ်တိုင်ကိုယ်ကျဆွမ်းကပ်ချင်တာ ဒီကာလကြီးပြီးမှပဲကပ်ရတော့မယ်” ဆိုပြီးတော့ ဘုန်းကြီးကျောင်းကိုသွားခဲ့တဲ့ပုံနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်ထားခဲ့တာပါ။
အခုဆိုရင်တော့ မြန်မာလူမျိုးတွေအနေနဲ့နှစ်သစ်အချိန်ကာလကိုရောက်သွားခဲ့ပါပြီ။ ဥက္ကာမင်းမောင်ကတော့ နယူးယောက်မှာနေပေမဲ့ မြန်မာနှစ်သစ်ဦးမှာ ဘုန်းကြီးကျောင်းကို အစားအသောက်နဲ့လိုအပ်တာတွေသွားလှူဒါန်းခဲ့တာပါ။ ကိုဗစ်ကာလဆိုပေမဲ့ ဥက္ကာမင်းမောင်ကတော့ ဘာသာတရားကိုမမေ့ဘဲနဲ့ဘုန်းကြီးကျောင်းကိုသွားရောက်လှူဒါန်းခဲ့သေးတာပါပဲနော်