ကိုဗစ်တိုက်ဖျက်ကုသရေး တရုတ်မှ ကျွမ်းကျင် ပညာရှင်အဖွဲ့မြန်မာပြည်လာမည်

Posted on

လူ ၁၀ဦးထိ ကူးစက်ခံထားရပြီဖြစ်သောမြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်မျ ကျွမ်းကျင်ပညာရှင်အဖွဲ့လာရောက်မည်ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ယနေ့ ပြောကြားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်မှ ကျန်းမာရေးအဖွဲ့သည် ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံတွင် ၁၄ ရက်ကြာ နေထိုင်ပြီး မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များနှင့် အတူ လုပ်ငန်းများ လုပ်ကိုင်ပြီး COVID-19 နှင့် ပတ်သက်သော ရောဂါ အတွေ့အကြုံများကို ဖလှယ်ကြမည် ဖြစ်သည်။အဆိုပါအဖွဲ့တွင် ကူးစက်ရောဂါ ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သော ပညာရှင်များ၊ COVID-19 ဓာတ်ခွဲအတည်ပြုပြီးသား ရောဂါလူနာများကို ကုသသူများလည်း ပါဝင်မည်ဖြစ်သည်။

ဓာတ်ခွဲအဖွဲ့လည်း ပါဝင်မည်ဖြစ်ပြီး တစ်နေ့ လူအယောက် ၂၀၀ ကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲခန်းလည် ပါလာမည်ဟု ဟု ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ မြန်မာနိုင်ငံသို့ ဆေးကုသပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပြီး သံရုံးအနေဖြင့်လည်း တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် Medical Team နှင့် ပတ်သက်၍လည်း သံရုံး အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေးလျက် ရှိနေပြီး ယင်းအဖွဲ့အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ရောက်ရှိရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာတွင် ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *