ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ တရားဟောဆရာ ကို ပြစ်တင်ပြောဆိုသူတွေကြောင့်စိတ်မကောင်းဖြစ်ရကြောင်း ပြောလာတဲ့ သရုပ်ဆောင် “ခင်လေးနွယ်”

Posted on

ကိုဗစ်၁၉ ရောဂါကူးစက်မှုတွေကတော့ တစ်နေ့ထက်တစ်နေ့ များပြားလာတာပဲ ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်က တရားဟောဆရာတစ်ယောက်ကလည်းကိုဗစ်၁၉ ရောဂါကူးစက်မှုဖြစ်ခဲ့ပြီး ထိုတရားဟောဆရာရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့သူတွေကလည်း စောင့်ကြည့်လူနာတွေအဖြစ် ထားရှိခံနေရတာပဲ ဖြစ်ပါတယ်။တချို့သောပြည်သူတွေကတော့ ထိုတရားဟောဆရာကို ပြစ်တင်ပြောဆိုမှုတွေရှိနေပြီး သရုပ်ဆောင် ခင်လေးနွယ်က သူမအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဆရာဒေးဗစ်လား တရားဟောပွဲ လုပ်ရင်အမြဲတမ်း လူထောင်ချီနဲ့လုပ်နေကြပါ။ ဆရာ တရားဟောတဲ့ထဲမှာ လူငယ်တွေကို ခွန်အားဖြစ်စေတဲ့အရာတွေအများကြီးပါတယ်။ သူ့ကြောင့် လိမ္မာသွားတဲ့ လူငယ်တွေအများကြီးပဲ။အခု live လွင့်ပြီးတရားဟောတဲ့နေရာမှာ လူအယောက်၂၀ လောက်ပါတယ်။ ပါတဲ့သူတွေအကုန်လုံးကလဲ ဆရာ ဘယ်သွားသွား အမြဲတမ်းပါနေတဲ့ ဆရာ့ရဲ့မိသားစုဝင်တွေလိုပါပဲ။

“ဘုန်းဘုန်းတွေနောက်မှာလိုက်ကြတဲ့ ဘုန်းဘုန်းရဲ့ ကပိယ လိုမျိုးပေါ့။ မလိုက်နဲ့ဆိုရင်တောင်ဆရာ့အတွက်ဆိုရင် လိုက်မယ့်လူမျိုးတွေပါ။ ဘယ်သူမှတော့ ဒီရောဂါမဖြစ်ချင်ဘူးလေ။ ဘယ်ဘုန်းကြီးမဆို ကောင်းဖို့အတွက်ပဲလုပ်နေကြတာပါ။ ကျမကတော့ ဘယ်ဘာသာရဲ့ ဘုန်းကြီးကိုမှ မဆော်ကားဘူး။ အရာရာအားလုံးက ဘုရားရဲ့အလိုတော်ပါပဲ။” ဆိုပြီး ပြောထားပါတယ်။ခင်လေးနွယ်ကတော့ ဘယ်ဘာသာကိုမှ ထိခိုက်ပြောဆိုခြင်းမရှိပဲ ပြည်သူတွေ စိတ်ရှင်းရအောင်သာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *