ကိုဗစ်ကြောင့် အိမ်တွင်းပုန်းနေတဲ့ ကောင်မလေးကို မိခင်မရှိခင် ဝင်ပြီးယုတ်မာခဲ့သူ

Posted on

ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး အိမ်တွင်းပုန်းနေရချိန်မှာ စားဝတ်နေရေးကလည်း ရှိနေသေးတော့ အန္တရာယ်တောထဲမှာ မကြာခဏ ဝမ်းရေးအတွက် ရှာရဖွေရပါတယ်။ အခုလည်း အိမ်မှာ တစ်ယောက်တည်းကျန်နေတဲ့ (၁၃)နှစ်အရွယ် သမီးလေးကို၊ အလစ်ချောင်းမြောင်းနေတဲ့ လူတစ်ယောက်က အိမ်တွင်းအထိ ဝင်ရောက်ပြီး ယုတ်မာခဲ့တာပါ။ အခင်းဖြစ်ချိန်မှာ ကလေးမလေးရဲ့မိခင်ဟာ အစားအစာဝယ်ဖို့ အပြင်ရောက်နေတာပါ။

ကလေးမလေးရဲ့နာမည်ကတော့ Ana Paola လို့ သိရပြီး၊ မိခင်မရှိချိန်မှာ လူယုတ်မာက ဝင်ရောက်မုဒိမ်းကျင့်ခဲ့ပြီး၊ အမှုကို လက်စဖျောက်တဲ့အနေနဲ့ Ana ကို သတ်ပစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုမြောက်ပိုင်း၊ Nogales မှာဖြစ်ခဲ့တာပါ။ မိခင်ပြန်လာချိန်မှာ ပုံဆိုးပန်းဆိုးနဲ့ သေဆုံးနေတဲ့ Ana ကို တွေ့ရှိခဲ့တာကြောင့် ရဲကိုတိုင်ကြားခဲ့ပါတယ်။Ana တစ်ယောက်တည်းရှိနေချိန်မှာ အပြင်ကနေ လူရိပ်လူခြေကြည့်ကာ လှုပ်ရှားဖို့ စောင့်ဆိုင်းနေတဲ့ ဖောက်ထွင်းသူတစ်ဦးဟာ (သို့မဟုတ် တစ်ဦးထက် ပိုတဲ့အရေအတွက်လည်း ဖြစ်နိုင်)နေအိမ်အတွင်းကို ဝင်ရောက်ပြီး၊ ရွှေငွေအစရှိတဲ့ပစ္စည်းတွေ လုယူဖို့ ကြိုးစားခဲ့ပုံပါ။ သို့သော်လည်း Ana ကို တွေ့သွားတာကြောင့် လူသတ်မုဒိမ်းမှုကိုပါ ဆက်လက်ပြီး ကျူးလွန်ခဲ့ပါတယ်။

အခင်းဖြစ်ချိန်မှာ Ana ရဲ့မိခင်ဟာ သူမရဲ့ခင်ပွန်းဟောင်း၊ (Ana ရဲ့ဖခင်)ထံကိုလည်း ဖုန်းဆက်ကာ အကြောင်းကြားခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာကို ရဲတွေ အမြန်ရောက်လာခဲ့ပြီး၊ သက်သေတွေကို ရယူစုဆောင်းခဲ့ပါတယ်။ ကလေးမလေးရဲ့အလောင်းကိုတော့ မှုခင်းကျွမ်းကျင် ဒေါက်တာဆီကိုပို့ဆောင်ကာ ဆေးစစ်ချက် တောင်းထားတယ်လို့ သိရပါတယ်။ တရားခံတွေကိုတော့ ခြေရာမခံမိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *