ကိုဗစ်ကြောင့် သေဆုံးသူ တစ်ယောက်မှ မရှိသေးတဲ့ ဗီယက်နမ်နိုင်ငံမှာ ရောဂါကို ဘယ်လိုထိန်းချုပ်နေကြသလဲ

Posted on

Covid ကြောင့် သေဆုံးသူမရှိသေးတဲ့ ဗီယက်နမ် /  ဗီယက်နမ်က Covid အပေါ် တုန့်ပြန်မှုကို ကမ္ဘာကြီးက သင်ယူလိုက်ပါ။

ဗီယက်နမ် နဲ့ Covid တရုတ်ဖြစ်နေချိန် Jan 24 က 2C နဲ့ စခဲ့..သူ့ထက် တစ်ရက်စောတာက USA  သူနဲ့တန်းတူက စင်္ကာပူ သူ့ထက်နဲနဲစောတာက ဂျပန် ..တောင်ကိုရီးယား နဲ့ထိုင်း ..အဲဒီအချိန်က သူတို့ 1C , 2C လေးတွေပဲရှိကြသေးတယ်။

အစောကြီးကတည်းကဖြစ်နေပြီး ခုချိန်ထိ ဘာ့ကြောင့် #သေဆုံးမှုZero အဖြစ်နဲ့ ရပ်တည်နေနိုင်တာလဲ..အချက်၃ ချက် ပေးထားပါတယ် . 1…နှောင့်နေမနေပဲ အတူတကွ ပူးပေါင်းဆောင်ရွက်တယ်..2..ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေလုပ်တယ်..3..ကာကွယ်မှုကို ပြင်းပြင်းထန်ထန် အလေးထားဆောင်ရွက်တယ်.. ပထမအချက်အတွက်.. ဒုတိယဝန်ကြီးချုပ်ဦးဆောင်ပြီး Covid ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသား ဦးဆောင်ကော်မတီကို အလျင်အမြန်ဖွဲ့စည်းပြီး တုန့်ပြန်မှုအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့… ဒုတိယအချက်အတွက် ..တရားဝင် ပြောကြားချက်အရဆိုရင် Q ဝင်ထားတာ 75,000 လောက်ရှိတယ်..တစ်ချို့က အိမ်မှာ..တစ်ချို့က ထိန်းချုပ်ကုသ ကြပ်မတ်စင်တာတွေမှ

စမ်းသပ်မှုပေါင်း 15 Apr အထိ 132,771 ရှိထားပြီး 267 Cases ..သေဆုံးသူ လုံးဝ မရှိ…#Zero #Deaths ..Mask မဖြစ်မနေ တပ်ကြ..မြို့တော် ဟိုရှီမင်းရဲ့အဓိကကျတဲ့ လမ်းမကြီးတွေမှာ နှာခေါင်းစည်းတပ်ကြဖို့အသိပေးဆိုင်းပုဒ်တွေ တပ်ဆင်ထား။

ကိုယ့်ကြောင့် သူတစ်ပါးကူးစက်ခံရတယ်..အဲဒါ နှာခေါင်းစည်း မတပ်ထားခဲ့တာကြောင့်လို့ ထင်ရှားခဲ့ရင် ပြစ်မှုမြောက်တယ်..သူ့အတွက်က ထောင်ဒဏ် ၁၂ နှစ်… Mask တပ်ဖို့ ငြင်းဆန်ရင် ထောင်ဒဏ် ၉ လ..(တကယ်လုပ်တယ်နော် ..သူတို့က ပြတ်သားတယ်)မတ်လ ၁၀ ရက်နေ့က တစ်ယောက် အမိန့်ချထားရပြီးပြီ။

တတိယအချက်အတွက်..အစိုးရကရဲ့ တာဝန်ယူစောင့်ရှောက်မှူ အားကောင်းတယ်..ကုမ္ပဏီတွေက သူ့အလုပ်သမားတွေ ကို ပံ့ပိုးကူညီမှူ ပြုလုပ်တယ် …(ထောက်ပံ့မှုအနေနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအကြား အခမဲ့ ဆန်ပေးဝေမှုအတွက် ATM စက်ကလေးနဲ့ အလိုအလျောက်ချိန်တွယ် ပေးဝေမှုစနစ်ကို လုပ်ထားပေးတယ်…စည်းစနစ်ကျကျ လူမှုရေးကွာဝေးမှုစနစ်ကို တိတိကျကျ လိုက်နာကျင့်သုံးကြတယ်..)

ခုလို တင်းတင်းကျပ်ကျပ် ပြုလုပ်တာက အောင်မြင်ခြင်း ရလာဒ်ပဲဖြစ်တယ်..လူမှုရေးညီညွတ်မှုသည် အကျပ်အတည်းများကို ရှောင်ရှားနိုင်သည်..ခုဆို WHO အပါအဝင် ကမ္ဘာတစ်ခုလုံးက ဗီယက်နမ်ကို ချီးကျူးထောပနာ ပြုနေကြပြီ။ဒီဧပြီလထဲမှာပဲ ဥရောပနဲ့ အရှေ့တောင်အရှ နိုင်ငံတွေဆီကို ဆေးပစ္စည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့…Face mask တစ်သန်းနှစ်သောင်းကျော် အနက် ဗြိတိန်.. ဂျာမဏီ.. အီတလီ နဲ့ စပိန် တို့ထံ 50,000 …အိမ်နီးချင်း ကမ္ဘောဒီယားအတွက် 390,000 ….လာအိုသို့ 340,000 တို့အပြင် ..ပြင်သစ် ..ဂျာမဏီ ..အီတလီ.. စပိန်နဲ့ ဗြိတိန် တို့ထံ ဆေးဝါးများထောက်ပံ့လှူတန်းခဲ့။

ဗီယက်နမ်ဟာ Covid ကိုတိုက်ရင်း စီးပွားရေး ပြန်လည်ရှင်သန်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ် ကျနော်တို့ သူ့ဆီက သင်ယူဖို့ အဆင်သင့်ဖြစ်ပြီလား  Covid ကို အောင်မြင်စွာ တိုက်နိုင်ဖို့က နိုင်ငံအသီးသီးနဲ့သာ သက်ဆိုင်တော့တာပါ ယနေ့ ဗီယက်နမ်ကတော့ သူ့သမိုင်း သူရေးလိုက်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *