ကိုဗစ် ကာကွယ်ဆေး စက်တင်ဘာမှာ အဆင်သင့် ဖြစ်နိုင်ဟု အောက်စဖို့  တက္ကသိုလ်ကြီးမှ ကြွေးကြော်လိုက်ပြီ

Posted on

ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်ခဲ့သောကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် ကမ္ဘာတဝှမ်းလုံးရှိ ရောဂါဗေဒ ဆိုင်ရာ ဆေးဝါးပညာရှင်များ နှစ်‌ဆယ့်လေးနာရီ ပတ်လုံး နေ့မအားညမအား ရှာဖွေ ဖေါ်ထုတ်လျှက် ရှိနေကြပါတယ်။ထိုအထဲတွင် အောက်စဖို့ တက္ကသိုလ် အဖွဲ့ကြီးမှ သူတကာထက် ခေါင်းတလုံး ပိုထွက်လာတယ်လို့ ပြောလို့ရပါတယ်။

ဒီအကြောင်းကို အင်္ဂလန်နိုင်ငံထုတ်လန်ဒန် တိုင်းမ် သတင်းစာကြီး မှ စာလုံးမဲကြီးများဖြင့် ဖေါ်ပြလာခဲ့ပါတယ်။အောက်စဖို့ တက္ကသိုလ်ကြီးရှိ ကာကွယ်ဆေး‌ဗေဒ ဆိုင်ရာ ထိပ်တန်း ပါမောက္ခကြီး ဖြစ်သူ Sarah Gilbert က စက်တင်ဘာလလောက်တွင် အဆင်သင့် ဖြစ်တော့မည်ဟု လန်ဒန်တိုင်းမ် သတင်းစာကြီးကို ရဲရဲဝံ့ဝံ့ ပြောကြားလိုက်ပါတယ်။

သူမအနေဖြင့် စက်တင်ဘာလ နောက်အကျဆုံး ထုတ်လုပ်နိုင်မည့် အရေးကို ရာနှုန်းပြည့်ကတိ မပေးနိုင်သော်လည်း ၈၀% ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုပါတယ်။ ယခုလို ပြောရခြင်းမှာလည်း ထင်ကြေးဖြင့် ပြောနေခြင်းမဟုတ်ပဲ တပတ်ပြီး တပတ် ရရှိလာတဲ့ အချက်အလက်များ အပေါ်မူတည် ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ “It is not just a hunch, and as every week goes by, we have more data to look at.”

ဗြိတိန် ကျန်းမာရေး ဝန်ကြီး မက် ဟင်းကော့မှ ယခုထိ လူပေါင်း ၉,၈၇၅ သေဆုံးခဲ့ပြီ ဖြစ်တဲ့ ကော်ရိုနာ ဗိုင်းရပ်စ် အတွက်ခေါင်းခြောက်နေရာမှ ဆာရာ ဂီးလ်ဘတ်ရဲ့ စကားကို မျှော်လင့်ချက် အပြည့်အဝ ထားရှိကြောင်းနှင့် အောင်မြင်ပါက ကာကွယ်ဆေးထုတ်လုပ်ရေး အတွက် အစိုးရမှ စိုက်ထုတ်ကျခံသွားမှာ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားလိုက်ပါတယ်။

အဆိုပါ ကာကွယ်ဆေးက ထုတ်လုပ်ခဲ့ပြီးဖြစ်သဖြင့် မတ်လ ၂၇ ရက်နေ့ကစပြီး လူ ၅၁၀ နဲ့ phase 1&2ကို စမ်းသပ်နေပြီဖြစ်တာကြောင့် အခုလို ထုတ်ဖေါ်ပြောဆိုလာမှုသည် အခြေအနေ ကောင်း၍သာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ထုတ်လုပ် ဖြန့်ချီဖို့ အချိန်မမှီရင် နိုင်ငံပြင်ပမှ လုပ်ငန်းရှင်များကို အကူအညီတောင်း၍ဖြေရှင်းသွားမှာ ဖြစ်ပြီး ဒီအတွက်လည်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ ဆွေးနွေးခဲ့ပြီး ပြီလို့ သူမက ဆိုပါတယ်။

သူမနှင့် လန်ဒန်တိုင်းမ်သတင်းစာကြီးရဲ့အင်တာဗျူးကို ကမ္ဘာတဝှမ်းရှိ သတင်းစာများက ဝမ်းပမ်းတသာ ဖေါ်ပြခဲ့ကြတာကိုလည်းလေ့လာတွေ့ရှိရပါတယ်။ ထိုမျှမကသေး သူမ၏ ပြောဆိုချက်ကိုဗြိတိသျှ ထိပ်တန်း သိပ္ပံပညာရှင်ကြီးများက ထောက်ခံပြောဆိုခဲ့ကြတာကို အောက်ပါလင့်ခ်တွင် တွေ့ရှိနိုင်ပါတယ်။ https://www.sciencemediacentre.org/expert-reaction-to-time…/ကာကွယ်ဆေးဝါး ဗေဒ တွင် ကမ္ဘာ ကျော် တဦးဖြစ်သော ‌ဗြိတိသျှပါမောက္ခ ဆာရာ ဂီးလ်ဘတ်သည် အသက် ၅၈ နှစ်ရှိပြီ လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *