ကိုဗစ်ကြောင့် အိမ်ပြန်ခွင့်ရဖို့ စောင့်ဆိုင်းနေရတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားများ တောင်းဆို

Posted on

စင်္ကာပူနိုင်ငံတွင် COVID 19 ရိုက်ခတ်မှုကြောင့် အလုပ်အကိုင်ရှားပါခြင်း ၊ လုပ်သားဦးရေလျော့ခြင်းများ များစွာဖြစ်ပေါ်လာပါသည်။ သို့ပါ၍ စင်္ကာပူနိုင်ငံရောက် မြန်မာလုပ်သားအများစုဟာ အလုပ်လက်မဲ့ဖြစ်နေကြရပီး နေထိုင်စရိတ်ကြီးမားမှုကြောင့် များစွာအကျပ်အတည်းဖြစ်နေရပါသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ / ဆေးကုသရန် လိုအပ်နေသူများ / ကျောင်းတက်ရန် ပြန်ရမည့်ကလေးသူငယ်များ / Student Pass ကုန်ဆုံး၍ အမိနိုင်ငံတော်ကိုပြန်ရမည့် ကျောင်းသားများ သည်လည်းဘဲ များစွာသောအခက်အခဲများကို ရင်ဆိုင်နေကြရပါသည်။

စင်္ကာပူနိုင်ငံမြန်မာသံရုံး၏ ဩဂုတ်လ ၁၇ ရက် ၂၀၂၀ ခုနှစ် အသိပေးကြေငြာချက် အမှတ်စဉ် (၇) ၌ ပါရှိသော (မြန်မာနိုင်ငံသို့ ရောက်ရှိချိန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာရမည့် Quarantine (၂၁) ရက်ကို Hotel ၌သာ သီးခြားဆောင်ရွက်လိုသူများအတွက် ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်ပေးရေး အတွက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြထားရှိပြီဖြစ်ကြောင်း) ကိုလည်း ကျေးဇူးတင် ဝမ်းမြောက်စွာသိရှိရပါသည်။

စင်္ကာပူနိုင်ငံ မြန်မာသံရုံး၏ ၂၃-၀၈-၂၀၂၀ Waiting List အရ Relief Flight စောင့်ဆိုင်းသူဦးရေ ၃၂၆၈ ဦးဖြစ်ပါသည်။

လတ်တလော Relief Flight များ ပြေးဆွဲမှု သည် တစ်ပတ်လျှင် တစ်စီးနှုန်း ပြေးဆွဲမှုကို အခြေခံ၍ တွက်ချက်ရပါလျှင် တစ်လ လျှင် လူဦးရေ ၆၀၀ နှုန်း ဖြစ်ပါသဖြင့် ၃၂၆၈ ဦးမြောက် ၏ စောင့်ဆိုင်းကာလမှာ ၅ လကျော် ကြာမြင့်မည်ဖြစ်ပါသည်။

ပုံမှန်ဝန်ငွေ မရှိတော့ဘဲ ၅ လ စောင့်ဆိုင်းရမည်မှာ အမှန်တကယ် ခက်ခဲလှပါသည်။ သို့ဖြစ်ပါ၍ ပုံမှန်ပြေးဆွဲလျှက်ရှိသော Relief Flight များအပြင် မိမိစရိတ်ဖြင့် Quarantine (၂၁)ရက်ကို Hotel ၌သီးခြားဆောင်ရွက်လိုသူများအတွက် ထပ်တိုး Relief Flight များ ပြေးဆွဲခြင်းအစီစဉ်ကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ထပ်မံ အသနားခံတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *