” ကိုယ့်ကိုမကောင်းကြံတဲ့သူတွေ အပေါ်ထားတဲ့ စိတ်ထားကို ချပြလိုက်တဲ့ ဝါဆိုမိုးဦး ”

Posted on

ပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကလေးဘဝထဲက အနုပညာ အလုပ်ကို လုပ်ကိုင်လျက်ရှိသူတစ်ဦးလို့ဆိုရမှာပါ။ အခုလိုလှသွေးကြယ်တဲ့ အသက်အရွယ်မှာလည်း ယောကျာ်းလေးပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေ ရလောက်တဲ့ ဘော်ဒီကောက်ကြောင်း အမိုက်စားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေသိပ်မရိုက်ဖြစ်တော့ပေမယ့် အနုပညာပွဲတွေတျောက်လျှောက်တက်ရောက်နေသူတစ်ဦးပါပဲနော်။ သူမတက်ရောက်တဲ့ပွဲတိုင်းမှာ အထာကျကျနဲ့ မိန်းကလေးပရိသတ်တွေ ဟင်ခနဲဟာခနဲဖြစ်ရလောက်တဲ့ ဒီဇိုင်းတွေနဲ့လှပတင့်တယ်စွာ ပွဲတက်လေ့ရှိတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့သူမရဲ့လျှို့ဝှက်ချက်ကတော့ အမြဲ ကျန်းမာရေးလိုက်စားကာ gymကစားလေ့ရှိသူဖြစ်တာကြောင့်ပါပဲနော်။

သူမကို ပရိသတ်တွေ အချစ်ပိုစေတဲ့နောက်တစ်ချက်ကတော့ဘအမိုက်စား TikTokတွေကို အမြဲဆော့ကစားလေ့ရှိသူဖြစ်ပြီး သူမရဲ့TikTokအကောင့်ကို ဝန်းရံတဲ့သူတွေကတော့ ပုရိသတွေအများဆုံးလို့ဆိုရမှာပါ။ အလှအပပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာမရှိတဲ့ ဝါဆိုမိုးဦးကတော့ စိတ်ဓာတ်ပိုင်ဆိုင်ရာလည်းပြည့်ဝသူဖြစ်ကြောင်းကို

“သူတို့မပြုံးလဲ ကိုယ်ပြုံးလိုက်ပါ ။ကိုယ်မရှူံးပါဘူး။သူတို့မကောင်းလဲ ကိုယ်ကောင်းလိုက်ပါ။မရှူံးပါဘူးကိုယ်ပြုံးထားလျက်နဲ့ သူတို့မပြုံးနိုင်တာကိုယ်ကောင်းနေလျက်နဲ့ သူတို့မကောင်းနိုင်တာသူတို့ရှူံးတာပဲ။ ” ဆိုတဲ့ မကောင်တဲ့သူတွေအပေါ်ထားတဲ့ စိတ်ထားလေးကို သူမရဲ့အလှပုံရိပ်လေးတွေနဲ့မတူဖော်ပြခဲ့တာပါနော်

Leave a Reply

Your email address will not be published. Required fields are marked *