ကိုယ်ကသံသယလူနာလို့ ထင်တယ်ဆိုရင် တာဝန်ခံတွေနဲ့ ပူးပေါင်းခြင်းဖြင့် ကူညီပါဆိုတဲ့ အေးမြတ်သူ

Posted on

မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတွေထဲကမှ ပါးချိုင့်လေးနဲ့ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး အေးမြတ်သူကိုော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အေးမြတ်သူလေးကတော့ ရိုးရိုးယဉ်ယဉ်လေးဝတ်ကာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုအများဆုံးရရှိလာတဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် အနုပညာကြေးတွေထဲကမှ ချွေးနှဲစာလေးနဲ့ လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေးလှူဒါန်းပြီးကိုယ်တိုင်ပါဝင်ဆောင်ရွက်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အေးမြတ်သူကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အေးမြတ်သူ” Pls  တာဝန်ယူ….တာဝန်ခံခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါ ရှက်စရာမဟုတ်ပါဘူးနော် မိမိကိုယ်ကို ကာကွယ်ရင်း …မိသားစုနဲ့ ပတ်ဝန်းကျင် ကို ကာကွယ်ကြရအောင်ရှင်”လို့ဆိုကာ သူမရဲ့တိုက်တွန်းချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ကိုသံသယဖြစ်နေရင်း ပူးပေါင်းပါဝင်ပေးပါလို့ တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ တိုက်တွန်းချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်တွေကလည်း မမြတ်လေးပြောသလိုဘဲ ပူးပေါင်းပါဝင်ကြမယ်လို့ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *