ကိုယ်ဝန်လွယ်ထားချိန်မှာတောင် မိုက်မိုက်ရိုင်းရိုင်းဆဲခံနေရပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ သရုပ်ဆောင် အိအိတုန်

Posted on

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အိအိတုန်ကို ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ အိအိတုန်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး အခုလက်ရှိမှာလည်း ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိအိတုန်က ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲပြောလာပါတယ်။

” ဒီလိုပလိန်းကြီးတွေ message လာလာပြို့ပီး အဲ့မိန်းမတစ်ယောက်တည်း လာလာဆဲနေတာ ဘာဖြစ်ချင်နေတာလဲ? ဗိုက်ကြီးနဲ့မို့လွှတ်ထားတာ ဘာဖြစ်ချင်နေတာလဲ။ နာမည်ကြီးချင်တာလား? ဟိုဖုန်းတွေ block ထားတော့။ နောက်တစ်ဖုန်းနဲ့လာဆဲတယ်။ ဘာတွေမနာလိုဖြစ်နေတာလဲ အစ်မရယ်။ ကိုယ်တင်မဟုတ်ဘဲ အကုန်လာဆဲနေတော့ ဘာဖြစ်ချင်တာလဲ မှတ်လောက်အောင် လုပ်ပေးရမလား ကျွန်မအကုသိုလ်ဖြစ်မှာစိုးလို့ရှောင်နေတာ။

သရေဖျက်မှု ဘာပုဒ်မဆိုတာသိလား။ ကြည့်တာနဲ့သိသာပါတယ် ရေးထားတာကိုက အဆင့်မရှိတဲ့သူမှန်း။ ပလိန်းတွေကြီးလာဆဲနေတာ။ အစ်မရေ မနာလိုဖြစ်နေရင် လဲသေလိုက်ပါ။ ဒီထက်ကျွန်မကပိုအောင်မြင်မှာမို့လို့လေ။ အခုတင်တာက အယ်မ ဖုန်းလူသိပြီး ကျွန်မထဲကစုံထောက်တွေလိုက်လို့ရအောင်ပါ။ မလုပ်ချင်လို့သာ မလုပ်သေးတာ ဖုန်းနံပါတ်ကိုလိုက်တာနဲ့ ဘယ်သူဆိုတာ တန်းသိမယ် ဆိုတာ သိထားလိုက်ပါ။ ” ဆိုပြီး ပြောလာပါတယ်။

အိအိတုန်ကတော့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရချိန်မှာ အခုလို အကြောင်းမရှိ ဆဲရေးတိုင်းထွာနေသူအကြောင်း အားလုံးသိအောင် ချပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *