ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်ဘဝကနေ အနုပညာရှင်တစ်ယောက်ဘဝကို ကူးပြောင်းလာသူပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိမှတ်ပြုတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို မကြာသေးခင်က MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညှင်း ဇာတ်လမ်းတွဲမှာလည်း မိုးကလျာ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိ ခဲ့ပါသေးတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမထူးသေးတဲ့ခင်သဇင်ကတော့ ဒီနေ့မှာ သူသတ်မှတ်ထားတဲ့ အနာဂတ်ခင်ပွန်းလောင်းတစ်ယောက်မှာ ရှိရမယ့်အချက်တွေကို မျှဝေခဲ့ပါတယ်။ ” ကိုယ်ကြိုက်တဲ့ အဆင်ဆိုတာ ရှိပြီးသား… ယောက်ျားလေးဆို အမွှေးအမျှင်ပါမှ – ဥပမာ_ ပါးသိုင်းမွှေး.. ခြေလက် အကြောဆို ထောင်နေမှ အသားဆို ဖြူဥထွဋ်နေရင် နိုးပဲ… ညိုစိမ့်စိမ့်မှ ရင်ခုန်မိ ..တချိန်လုံး ရယ်နေရင် မကြွေဘူး … တည်နေရင်လည်း မကြိုက်ဘူး… ချိုမြမြ လေးပြုံးတတ်မှ ဒဲ့ကြွေ…ဆင်းရဲနေလည်း အဆင်မပြေဘူး … ချမ်းသာနေလည်း အ မြင်ကတ်တယ်…. မရှိမရှား ရိုးသား ကြိုးစားလေး ok တယ်…အရပ်မရှည်ချင်နေ.. အကောင်သေးရင်တော့ မဖွာဘူးကွယ်…Six pack လောက်တော့ မ မျှော်မှန်းပေမယ့် .. ဗိုက်ပူရင်တော့ မရဘူး… Ro တတ်ရင်လည်း ရယ်ချင်လို့…. သာမန်လေးဆို အဆင်ပြေတယ်…ရှက်တတ်နေရင် စိတ်မရှည်သလို … လက်ရဲ ဇာတ်ရဲဆိုလည်း ဝေးဝေးရှောင်တယ်…အမေချစ်သားဆို ကြောက်လွန်းလို့ … အမေအပေါ်တောင် မသိတတ်ပြန်လည်း အထင်မကြီးဘူး..ပညာ မတတ်ရင် မလေးစားနိုင်ပေမယ့်… တတ်လွန်းပြီး ဟောင်ဖွာနေလည်း အထင်မကြီးဘူး …အမလေး… တော်သေးပီ… မောသွားပြီ …ဒီပုံတိုင်းဆို မတ်မတ်ခင် တစ်ယောက်တော့ အပျိုကြီး ဖြစ်သွားပါမယ် လာပြောတဲ့သူ ဘလော့ပါမယ်နော်” ဆိုပြီး ရေးသားကာမျှဝေခဲ့ပါတယ်။
မိန်းကလေးတိုင်း ယောက်ျားလေးတိုင်းကတော့ ကိုယ့်ရဲ့အနာဂတ်ခင်ပွန်းလောင်း၊ ဇနီးလောင်းဖြစ်လာမယ့်သူတွေအပေါ်မှာ ဒီလိုဖြစ်မှ၊ ဟိုလိုဖြစ်မှဆိုတဲ့ စံနှုန်းထားသတ်မှတ်ချက်တွေကတော့ ရှိစမြဲပါ။ အရာရာပြီးပြည်စုံတယ်လို့ ထင်ရတဲ့သူတွေကလည်း ကိုယ့်စံနှုန်းနဲ့ မကိုက်ညီနေရင် အဆင်ပြေမှာမဟုတ်ပါဘူးနော်။ ခင်သဇင်ကတော့ သူလိုချင်တဲ့ချစ်သူ ခင်ပွန်းလောင်းတစ်ယောက်မှာရှိရမယ့် သူသတ်မှတ်ထားတဲ့အချက်တွေကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးမှာရော ကိုယ့်အနာဂတ်ကြင်ဖော်နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော်။