နိုင်ငံကျော်အဆိုတော်ပိုပိုကတော့ တေးစီးရီးအယ်ဘမ်ပေါင်းများစွာကိုထွက်ရှိအောင်မြင်ထားပြီး ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့သူပါ။ သူကတော့ယခုလိုအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်လာအောင်ကိုယ်ဒူးကိုယ်ချွန်ဘဝနဲ့ကြိုးစားရုန်းကန်ခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းကအဖွားဖြစ်သူနဲ့အတူကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။
သူကတော့ ယနေ့မှာ အိမ်ပေါ်ကချော်လဲပြီး ပြုတ်ကျခဲ့ပေမယ့် ကံကောင်းထောက်မစွာ ဒဏ်ရာတော့ ကြီးကြီးမားမားမရရှိခဲ့ပါဘူး။ပိုပိုဟာ ကိုရိုနာထပ် (၁၀)ဆ ကြမ်းတဲ့ Virus တွေ့နေတာကြောင့် ပရိသတ်တွေကို အထူဂရုစိုက်ဖို့ကို “ရောဂါတွေ ထပ်မဖြစ်ကြပါနဲ့ ဆုတောင်းပေးပါတယ် ကိုရိုနာထပ် ၁၀ ကြမ်းတဲ့ Virus တွေ့နေတယ်တဲ့ ပရိတ်သတ်ကြီးလဲ အထူး ဂရုစိုက်ကြပါနော်” ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီး လက်ရှိချိန်အထိ ဆေးရှာဖွေနေဆဲဖြစ်တဲ့ ကိုရိုနာထပ်(၁၀)ဆကြမ်းတဲ့ Virus တွေ့နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်အချစ်တော် အဆိုတော်ပိုပိုကတော့ ချစ်တဲ့ ပရိသတ်တွေကို အထူးဂရုစိုက်ကြဖို့ ပြောထားပါတယ်နော်။