ကိုရိုနာဗိုင်း ရပ်စ် တိုက်ဖျက်ရာ မှာ အကျိုးသက်ေ ရာက် တဲ့ ဆေးတစ် မျိုး တရုတ်အစိုးရကြေငြာ

Posted on

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများကို ကုသပေးရာတွင် ဂျပန်နိုင်ငံက တီထွင်ခဲ့သော တုပ်ကွေးကာကွယ်ဆေး Avigan ကို အသုံးပြုရန် တရားဝင်ဆုံးဖြတ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားလိုက်သည်။တရုတ်နိုင်ငံရှိ ဆေးဘက်အဖွဲ့အစည်းနှစ်ခု၏ လက်တွေ့စမ်းသပ်မှုတွင် အဆိုပါတုပ်ကွေးကာကွယ်ဆေးက ထိရောက်မှုရှိ ကြောင်း တွေ့ရှိခဲ့သည်ဟု ဇီဝနည်းပညာဖွံ့ဖြိုးရေးအမျိုးသားဗဟိုဌာနမှ ညွှန်ကြားရေးမှူး Zhang Xinmin က ပေကျင်းမြို့ တော်တွင် ယမန်နေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ဝူဟန်မြို့က ကိုရိုနာကူးစက်ခံရသူ ၂၈၀ နဲ့ Shenzhen မြို့က လူနာ ၈၀ အပေါ်မှာ ဒီဆေးနဲ့စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ တချို့ကိုတော့ ဒီဆေးပေးပြီး တချို့ကိုတော့ ဆေးဝါးမပါပဲ ဒီအတိုင်းစောင့်ကြည့်ခဲ့ရာမှာ ဒီဆေးပေးလိုက်တဲ့လူနာတွေဟာ ၄ ရက်ကြာပြီးတဲ့နောက် ပြန်လည်ကျန်းမာလာခဲ့ပြီး ဆေးမသောက်ခဲ့တဲ့လူနာတွေကတော့ ၁၁ ရက်ကြာမှ ပြန်လည်ကျန်းမာလာခဲ့တယ် လို့ သူကဆိုပါတယ်။

Avigan တုပ်ကွေးကာကွယ်ဆေးထိုးထားသူများ၏ ကိုယ်အပူချိန်မှာ ပုံမှန်အခြေအနေရောက်ရှိရန် ပျှမ်းမျှ ၂ ရက်ခွဲသာ ကြာမြင်ခဲ့သည်ဟု ဝူဟန်မြို့တော်၌ လုပ်ဆောင်ခဲ့သည့် စမ်းသပ်မှုများက တွေ့ရှိခဲ့သည်။ အဆိုပါကာကွယ်ဆေးမထိုးထားသူများ ကိုယ်အပူချိန်က ပုံမှန်အခြေအနေပြန်ရောက်ရန် ၄ ရက်ကျော် ကြာမြင့်ကြောင်း သိရသည်။ထို့အပြင် ကာကွယ်ဆေးထိုးထားသည့် လူနာများက ပျှမ်းမျှ ၄ ဒသမ ၅၇ ရက်အတွင်း ချောင်းဆိုးခြင်းကို သက်သာစေပြီး ကာကွယ်ဆေးမထိုးထားသည့် လူနာများက ၆ ရက်နီးပါး ကြာမြင့်ကြောင်း လေ့လာတွေ့ရှိရသည်။Avigan တုပ်ကွေးကာကွယ်ဆေးမှာ ဘေးပန်းဆိုးကျိုးများမရှိဟု သူကပြောသည်။ ရှင်းကျန့်မြို့၌ပြုလုပ်သည့် စမ်းသပ်မှုများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူများကို ကာကွယ်ဆေးထိုးပေးပြီး ပျှမ်းမျှ ၄ ရက်အကြာတွင် သက်သာသွားကြောင်း တွေ့ရှိခဲ့ရသည်။ ကာကွယ်ဆေးမထိုးသူများမှာ ပျှမ်းမျှ ၁၁ ရက်ကြာမြင့်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးထားသူများ၏ ၉၁ ရာခိုင်နှုန်းသော လူနာများတွင် အဆုတ်အခြေအနေများ ကောင်းမွန်လာခဲ့သည်ဟု ဓာတ်မှန်ပုံများက အတည်ပြုခဲ့ပြီး ကာကွယ်ဆေးမထိုးသူများ၏ အဆုတ်အခြေအနေမှာ ၆၂ ရာခိုင်နှုန်းသာ ကောင်းမွန် လာသည်ဟု စမ်းသပ်မှုက တွေ့ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *