ကိုမြင့်နိုင်ကြီး (COVID-19 )ဘယ်တော့ ထွက်သွားမှာလည်းမေးနေကြသူများသို့

Posted on

၁ – ဒါကြီး ဘယ်တော့ ပြီးမှာလဲ၊ တချို့တွေလဲ လာလာမေးကြတယ်၊ တချို့က April လကုန်အထိ Stay Home လုပ်ရင် May အစမှာ ပြီးမယ် ထင်နေကြတယ်၊ ဒါကြီး ဘယ်တော့ပြီးမလဲ ကျနော်လဲ မသိပါဘူး၊ ကျနော်သိတာကတော့ နောက်ထပ် ၆လ လောက်ကနေ ၁နှစ်လောက် အနည်းဆုံးကြာဦးမှာပါ၊ ၂၀၂၀ ကုန်တဲ့အထိ ရှိနေနိုင်တယ်လို့ မှန်းထားပြီး ပြင်စရာရှိတာပြင်ရမှာပါ၊ ကမ္ဘာ့ကပ်ရောဂါ သမိုင်းတွေကို လေ့လာပါ၊ ဘယ်ကပ်ရောဂါမှ ၃လ ၄လ လောက်နဲ့ မပြီးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုမှ စတာလို့တောင်ပြောရမလိုပါပဲ။

၂ – လုပ်ငန်းရှင်တွေ ပြင်စရာရှိတာပြင်သင့်ပါပြီ၊ April ကုန်ရင်ပြန်စလို့ ရမယ်ထင်ပြီး အေးဆေးနေလို့မရတော့ပါ၊ အထူးသဖြင့် လုံးဝ လုပ်လို့ မဖြစ်နိုင်သေးတဲ့ လုပ်ငန်းတွေ ဘာလုပ်ကြမလဲ စဉ်းစားသင့်ပါပြီ၊ ဥပမာ – Travel & Tour တွေ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ၊ Wedding နဲ့ ပတ်သက်တာတွေ၊ အစရှိသဖြင့် ဒီအလုပ်တွေက လုံးဝကို ရပ်သွားတာပါ။

၃ – ကိုယ်နေထိုင်ရာ လမ်း Lockdown ကျသွားခဲ့ရင်၊ ကိုယ်တိုင် Quarantine ဝင်ရခဲ့ရင် လုပ်ရမယ့်ဟာတွေ ပြင်ဆင်ထားပါ၊ ဒီအချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ ပြင်မထားဘူး ဆိုရင်တောင် ဖြစ်လာခဲ့ရင် ဘာလုပ်မယ်ဆိုတဲ့ Plan ကို ချရေးထားပါ။

၎ – Mask တွေ မေးမှာ မသိုင်းပါနဲ့၊ N95 လိုနဲ့ အလားတူ Mask မျိုးကလွဲရင် ဘယ် Mask မှ မမွန်းပါ၊ ကျင့်သားမရသေးတာကြောင့် မွန်းတယ်လို့ထင်ရတာပါ၊ Mask မေးသိုင်းတဲ့ အကျင့်ကို ဖျောက်ပါ။

၅ – Face Shield တွေ သုံးတာကောင်းပါတယ်၊ ဒါပေမယ့် Face Shield သုံးရင် Mask မလိုတော့ဘူး ထင်နေတဲ့သူတွေ ရှိပါတယ်၊ Mask သည် 1st Priority ပါ၊ Face Shield တပ်ထားလည်း Mask က တပ်ကိုတပ်ရမှာပါ။

၆ – လက်အိတ်တွေကတော့ ငွေတတ်နိုင်ရင်သုံးပါ၊ လူနာကိုင်တာနဲ့ လူပေါင်းစုံနဲ့ အထိအတွေ့ရှိသူကလွဲရင် လက်အိတ်က အဲလောက်မလိုပါ၊ ပြောချင်တာက သာမန်လူအဖို့ သုံးရင်ကောင်းတယ်၊ မသုံးနိုင်လဲ ဘာမှမဖြစ်ဘူး။

၇ – Infrared Thermometer တွေက လူအများကြီးကို တခဏ အတွင်း အပူချိန်တိုင်းဖို့ အဆင်ပြေအောင် လုပ်ထားတာပါ၊ ပုံမှန် ၁သောင်းခွဲ ၂သောင်း တန်တွေ ၆သောင်း ၇သောင်း ဖြစ်ကုန်တာ မြင်တောင်မကောင်းပါ၊ အိမ်မှာ ၅နှစ်အောက် ကလေးမရှိရင် မဝယ်ပါနဲ့၊ အပူချိန်တိုင်းဖို့ ၁၀၀၀တန် ပြဒါးနဲ့ဟာ ဝယ်တာ အကုန်အကျ သက်သာပါလိမ့်မယ်၊ ပိုးသတ်ပြီး ပြန်သုံးပါ၊ စိတ်မချရင် မိသားစုဝင်တစ်ယောက် အတွက် တစ်ချောင်းစီသာ ဝယ်ဆောင်ထားပါ၊ တိုင်းနည်းက မခက်ပါဘူး၊ ၅မိနစ်နဲ့ တတ်အောင်သင်လို့ရပါတယ်။
၈ – အရာရာ ချွေတာဖို့ အချိန်ရောက်လာပါပြီ၊ အလုပ်က မကောင်းရတဲ့အထဲ ကာကွယ်ရေးအတွက် ပစ္စည်းတွေကို မလိုအပ်တာ နင်းကန် မဝယ်ပါနဲ့၊ အပေါ်မှာပြောသလို အိမ်အတွက်မလိုဘဲ IR Thermometer တွေ ဝယ်တာမျိုးတွေ၊ အားနေ ပိုးသတ်ဆေးနဲ့ တအိမ်လုံး လိုက်ဖြန်းနေတာမျိုးတွေ မလုပ်ပါနဲ့။ပြောစရာတော့ ဒီနေ့အတွက်ကုန်ပြီ၊ အဆင်ပြေကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *