ကိုရိုနာကို ဘစိုင်းတို့လိုသက်ကြီးပိုင်းတွေ ဂရုစိုက်ပါလို့ပြောတဲ့ ပရိသတ်ကို ပြန်လည်ကျီစယ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted on

နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အသက် (၄၀) ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ငယ်ငယ်ကအတိုင်း ပြောင်းလဲမှုမရှိ နုပျိုနေဆဲ ဖြစ်ပါတယ်။ အသက်ကြီးသွားသည့်တိုင် ငယ်စဉ်အတိုင်း ပုံစံမပြောင်းသွားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို ပရိသတ်တွေကလည်း “ဘစိုင်း” လို့ ချစ်စနိုးနဲ့ စ နောက်ကြသလို စိုင်းစိုင်းခမ်းလှိုင်ကလည်း သူ့ပရိသတ်တွေကို အပြစ်မမြင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင်က Covid – 19 ရောဂါနဲ့ပက်သတ်ပြီး အသိပေးထားတဲ့ Status တစ်ခုကို တင်ခဲ့ရာ ပရိသတ်တစ်ယောက်က “ဟုတ်တယ် အဘတို့လို သက်ကြီးပိုင်းတွေ ပိုဂရုစိုက်နော်” ဆိုပြီး စနောက်ခဲ့ပါတယ်။ ထို ကောမန့်ကို မြင်မြင်ချင်းပဲ စိုင်းစိုင်းက ” ဟုတ်တယ်။ ကိုယ်တို့လို လူကြီးတွေ ပိုဂရုစိုက်ရမယ်။ မောင်ရင်တို့လို အရွယ်မတိုင်ခင် အိုနေတဲ့သူတွေလည်း မပေါ့ဆသင့်။” ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။

စိုင်းစိုင်းကတော့ သူ့ကို စနောက်တဲ့ ပရိသတ်ကို ချစ်စနိုးနဲ့ ပြန်လည်ကျီစယ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟာသဥာဏ်ရွှင်ပြီး စကားတတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို ဒီထက်မက ပိုချစ်သွားကြမယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *