ကိုရိုနာဗိုင်းရပ်စ်က သူ့အိမ်နဲ့ တစ်လမ်းဘဲခြားတော့တဲ့အကြောင်းကို ဆိုလာတဲ့ နေမင်း

Posted on

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသားဖြစ်တဲ့ နေမင်းကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နေမင်းကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့အချစ်ရေးဟာဆိုရင် Singleဘဝနဲ့သာ ဖြတ်သန်းနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် သူရဲ့အနုပညာအလုပ်ကို ရပ်နားထားပြီး အိမ်မှာနေကာ အလွမ်းကပ်ပရှင်းလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ နေမင်းက “ဝဋ်ကြွေးပါလာရင် ဘာတတ်နိုင်မှာလဲလေ ပုဇွန်တောင် က တစ်ယောက်က ကိုယ့် အိမ်ရှေ့ ရေကျော်လမ်းတစ်လမ်းဘဲ ခြားပါတယ်” လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာရောဂါပိုးရှိတဲ့သူနဲ့ သူအိမ်နဲ့က တစ်လမ်းဘဲခြားတော့တဲ့အကြောင်းကို စိုးရိမ်ကာ တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် နေမင်းကတော့ သူတို့အိမ်နားမှာ ကိုရိုနာရောဂါရောက်လာတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း နေမင်းအားပေးချစ်ခင်တယ်ဆိုရင် အားပေးစကားတွေရေးပေးခဲ့ကြပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *