မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်အား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းရန်မင်းဘူး (စကု)မြို့နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တင်ပြခဲ့သော်လည်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ ဘုရားပွဲတော်အား ဆက်လက်ကျင်းပနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးက ဧရိယာကျယ်ဝန်းပြီး တရုတ်ပြည်သူ့သမ္မ နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး နေရပ်သို့ပြန်လာသူတွေ မြို့နယ်အနှံ့အပြားသို့ ရောက်ရှိနေသော စာရင်းကိုသုံးသပ်ခြင်းဖြင့် မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နယ်စပ်မြို့များမှာ အရေးကြီးနေသဖြင့်
ရောဂါအား ထိရောက်စွာ ထိန်းချုပ်ဖို့လိုအပ်နေပါတယ်”ဟု မင်းဘူး(စကု)မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။