ကုလဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ပေးမယ်လို့  ရုရှားကမ်းလှမ်း

Posted on

ကုလသမဂ္ဂရဲ့ ၇၅ နှစ်ပြည့်အထွေထွေညီလာခံမှာ ရုရှားသမ္မတပူတင်က ကုလသမဂ္ဂဝန်ထမ်းတွေကို Sputnik-V ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ ကမ်းလှမ်းလိုက်ကြောင်း AP သတင်းမှာ ဖော်ပြပါရှိပါတယ်။ရုရှားရဲ့ Sputnik-V ကာကွယ်ဆေးဟာ လေ့လာမှုရလဒ်အနည်းငယ်ကိုသာ ထုတ်ပြန်ရသေးတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပြီး ဆေးရဲ့ဆိုးကျိုးတွေအတွက်လည်း ပူပန်မှုတွေမြင့်တက်လျက်ရှိပါတယ်။

အခုနှစ်ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံဟာ ကပ်ရောဂါကြောင့် သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် Work From Home ပုံစံနဲ့သာ ကျင်းပခဲ့ရပါတယ်။ရရှားအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကို ကာကွယ်ဆေးအခမဲ့ထိုးပေးဖို့ အဆင်သင့်ပဲဖြစ်သလို ကုလသမဂ္ဂလက်အောက်က အဖွဲ့ခွဲတွေအတွင်းမှာ ကာကွယ်ဆေးအထိုးခံချင်သူတွေရှိရင်လည်း ပေးအပ်သွားဖို့အဆင်သင့်ပဲလို့ သမ္မတပူတင်က ဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူက သမ္မတပူတင်ရဲ့ရက်ရောတဲ့ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါကြောင်းနဲ့ ကုလသမဂ္ဂရဲ့ ဆေးပညာအဖွဲ့အစည်းတွေက စဉ်းစားဆုံးဖြတ်ပေးပါမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။စက်တင်ဘာလ ၂၁ ရက်မှာ ရုရှားကျန်းမာရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ WHO ရဲ့ဥရောပဆိုင်ရာဒါရိုက်တာ ဟန်စ်ကလူဂီကတော့ ရုရှားရဲ့ကာကွယ်ဆေးကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *