မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ပါဘူးနော်။ ပိုင်ဖြိုးသုလေးရဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့”မီ”ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေကြားမှ ရေပန်းစားအောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဆိုလည်းမမှားလောက်ပါဘူး။ သူမဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာ ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသုလေးကတော့ အခုCovid-19ဖြစ်ပွားနေချိန်မှာ ကျန်းမာရေးနှင့်ပတ်သက်တဲ့ဗဟုသုတနဲ့ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၂)ရက်နေ့မှာ ပိုင်ဖြိုးသုလေးက”#အိမ်မှာပဲနေပါ
မနေ့ကတော့အပြင်ထွက်ပြီးပညာပေးshort videoလေးရိုက်လိုက်ရတယ်..သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီအချိန်မှာ ပါဝင်လို့ရတဲ့နေရာကနေပါဝင်ပြီး ဒီ COVID -19 ရောဂါကြီးကိုအားလုံးနဲ့အတူကျော်ဖြတ်ပါ့မယ်.အားလုံးပဲ ဒီရောဂါကြီး ကပ်ရောဂါအသွင်မြန်မာပြည်မှာမဖြစ်ပွားရအောင် ကြိုးစားကြရအောင်နော်”ဆိုကာ သူမနဲ့အတူ တခြားအနုပညာမောင်နှမများနှင့် ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်မှုများကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။
Covid -19ရောဂါကြီးကို သူမနဲ့အတူ ပရိသတ်တွေအားလုံးအတူတကွကျော်ဖြတ်ရအောင်ဆိုပြီတင်ပေးလိုက်တာပါပဲနော်။ပရိသတ်တွေအတွက် ပိုင်ဖြိုးသုလေးက ကိုဗစ်ရောဂါကို ဖြတ်ကျော်ကြမယ့်အကြောင်းကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်ဖြိုးသုနဲ့အတူ ကိုဗစ်ကိုအတူတကွကျော်ဖြတ်ကြမယ်လို့လည်းထင်ပါတယ်။