မန်မာနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ နိုင်းနိုင်းနဲ့ တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နိုင်းနိုင်းကတော့ သရုပ်ဆောင်မှုပိုင်းမှာ ကျရာဇာတ်ရုပ်ကို စိတ်နှစ်ပြီး ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။နိုင်းနိုင်းရဲ့အိမ်ထောင်ရေးဟာဆိုရင် ချောမောလှပလွန်းတဲ့ဇနီးချောလေးနဲ့ သားသမီးလေးယောက်တို့နဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။
နိုင်းနိုင်းကတော့ အခုချိန်နားနေရတဲ့အချိန်အတော်အတွင်းမှာ ကိုရိုနာရောဂါနဲ့ပတ်သက်ပြီး ဗဟုသုတများနဲ့ ဗီဒီယိုလေးတွေကိုတော့ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁)ရက်နေ့မှာ နိုင်းနိုင်းကတော့အခုတလော သတင်းတွေဖတ်ရတာ စိတ်ထဲ မကောင်းပါ။ ကျန်းမာရေးနှင့်ပတ်သက်ပြီး တာဝန်ရှိသူများ စီစဉ်သည့် အတိုင်း လိုက်နာဆောင်ရွက်တာ အကောင်းဆုံးအချိန်ပါ။ ငါဘယ်သူ.. ဘယ်ဝါ ဆိုတာ မေ့ထားပြီး ပူပေါင်းဆောင်ရွက်ကြရအောင်ပါ။ ရောဂါ ဆိုးဆိုတာ ဘယ်သူ ဘယ်ဝါ ရွေးမနေပါ…နာမည်ကြီးသူ၊ မကြီးသူ…ချမ်းသာသူ၊ဆင်းရဲသူ… အာဏာရှိသူ၊မရှိသူ… အားလုံး.. အားလုံး ဖြစ်ချင်ဖြစ်မှာပဲ။ လက်ရှိ မြန်မာပြည်သူ၊ပြည်သားများ ဘေးကင်းလုံခြုံရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်”ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
နိုင်းနိုင်းက အခုတလောကြားနေရတဲ့သတင်းကြောင့် သူချစ်ရတဲ့ပရိသတ်ဘေးကင်းလုံခြုံမှုရှိဖို့အတွက် တာဝန်ရှိတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။ပရိသတ်တွေအတွက် နိုင်းနိုင်းက အားလုံးလုံခြုံဖို့အတွက် တာဝန်ရှိတဲ့အကြောင်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း နိုင်းနိုင်းရဲ့ပြောကြားချက်အတိုင်းလိုက်နာမယ်လို့လည်း ထင်ပါတယ်။