အသက်(၂၃)နှစ်သာရှိသေးတဲ့ မိခင်တစ်ဦးဟာ သူမရဲ့ရင်သွေး ကလေးနှစ်ဦးကို ပေါင်(၂၄၀၀၀)နဲ့ ရောင်းချဖို့ကြိုးစားခဲ့တာမို့ အခုအခါမှာတော့ ထောင်ဒဏ်စီရင်ခံလိုက်ရပြီလို့ သိရပါတယ်။ အဆိုပါ မိခင်ရဲ့အမည်မှာ Barnokhon Kyzy Rasulzhan ဖြစ်ပြီး အသက်(၂၄)နှစ်ပါ။ သူမကို မော်စကိုမြို့တရားရုံးတစ်ခုကနေ နောက်ဆုံးစီရင်ချက် ချခဲ့တာဖြစ်ပါတယ်။ Barnokhon ဟာ တစ်ခုလပ်မိခင်တစ်ဦးဖြစ်ပြီး၊ ကမ်းလှမ်းသူထံကနေ ကလေးတစ်ဦးအတွက် ပေါင်(၁၂၀၀၀)လက်ခံရရှိခဲ့ပါတယ်။
ဒါပေမယ့် အရောင်းအဝယ် မဖြစ်သေးခင်မှာ သူမကို ဖမ်းနိုင်ခဲ့တာပါ။Barnokhon ရဲ့ လှုပ်ရှားမှုကို လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကျွန်အဖြစ်ရောင်းချခံရမှုတိုက်ဖျက်ရေးဘက်က သတင်းဦး ရရှိသွားခဲ့ရာက ဖော်ထုတ်နိုင်ခဲ့တာပါ။ Barnokhon မှာ ကလေး(၃)ယောက်ရှိကြောင်း သိရပါတယ်။ သူမဟာ ကလေးတွေထဲက နှစ်ဦးကို ရောင်းချဖို့ ကြိုးစားခဲ့ရာ၊ အချိန်တော်တော်ကြာသည်အထိ ဝယ်မယ့်သူ မရှိခဲ့ပါဘူး။သူမဟာ ရုရှားအရှေ့တောင်ပိုင်း Tatarstan မှာ နေထိုင်သူဖြစ်ပြီး၊ ဝယ်ယူချင်တဲ့လူက ကလေးကို မော်စကိုကို ခေါ်ဆောင်လာခဲ့ဖို့ အကြောင်းကြားခဲ့ပါတယ်။ ကလေးတစ်ယောက်နှုန်းကို ပေါင်(၁၂၀၉၇)နှုန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ သူမဟာ လူမှုကွန်ရက်မှာ မွေးစားမယ့်မိဘအလိုရှိတယ်ဆိုပြီး ကြော်ငြာခဲ့တာပါ။ သူမကို ထောင်(၆)နှစ် ချမှတ်ခဲ့ပါတယ်။