ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်မြင်ရတဲ့ အေးမြတ်သူ

Posted on

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အေးမြတ်သူ ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့ အေးမြတ်သူကို ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

သူမက ” ချစ်ရသူတို့​ရေ ဝါထွက်လို့ သီတင်းကျွတ်ပြီးသွားပြီဆို​တော့ ပွဲလမ်းသဘင်​တွေ..အလှူပွဲ​တွေမဂ်လာဆွမ်း​ကျွေး​တွေလက်မှတ်ထိုးပွဲ​တွေ ကိုယ့်ပွဲ​ရော ကိုယ့်မိတ်​​ဆွေ​တွေရဲ့ပွဲ​တွေ သွားရ​တော့မှာ ဆို​တော့ မမမြတ်​လေး က

တန်ဖိုးလည်းသင့်တင့်တဲ့ ဒီမြန်မာဝတ်စုံ​လေး ကို ညွှန်းချင်ပါတယ်ရှင့် . ဗြောင်ချည်ပိုး စ ​လေး ကို ပုဝါ​လေးတွဲဝတ်လိုက်​တော့ ခမ်းနားတင့်တည်သွားတယ်လို့  ခံစားမိတယ်ရှင့် . ကဲသ​ဘောကျတယ်ဆို

ဝတ်​စေချင်တဲ့သူ ချုပ်​ပေးမယ့်သူ​လေး​တွေ ကို မန်းရှင်း ​ခေါ်လိုက်ကြစို့ အစ​လေး​တွေ က ​တော့ BKK ပိုးထည် ကပါ​​နော် ချုပ်​ပေးတာ က ဒီဇိုင်နာရတု ပါ သူနွဲချုပ်မယ်ဆို ထမိန်တိုတိုတက်တယ်သတိ​ပေး​နော် ဓါတ်ဆရာက​တော့ ကိုကြီး​နေမင်းထွန်း  အ​မေးဇင်း ရှင့် ” ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။