ကျန်းမာရေးဝန်ကြီးကိုယ်တိုင်ချီးမြင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာရရှိတာကြောင့် ပျော်နေတဲ့ နီတာ

Posted on

နီတာကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး စတင်ဝင်ရောက်လာတဲ့ အချိန်ပိုင်းတုန်းက ကူးစက်ခံခဲ့ရဖူးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆေးရုံမှာကုသမှုခံယူပြီး ကိုဗစ်ကပ်ရောဂါကို အကောင်းမွန်ဆုံးတွန်းလှန်နိုင်ခဲ့တာကြောင့် အခုဆိုရင်တော့ ရောဂါပိုးကင်းစင်စွာ မိသားစုနဲ့ပြန်လည်နေထိုင်နေပြီဖြစ်ပါတယ်။

သူ ဆေးရုံကဆင်းပြီးတဲ့အချိန်မှာလည်း သူ့ရဲ့သွေးရည်ကြည်ကို ကိုဗစ်ရောဂါကုသရေးလုပ်ငန်းစဉ်တွေအတွက် လှူဒါန်းပေးဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ သွေးလှူဒါန်းပေးမှုကြောင့် ကျန်းမာရေးဝန်ကြီးကိုယ်တိုင်ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာရရှိခဲ့ကြောင်း ဝမ်းသာဂုဏ်ယူစွာမျှဝေပေးခဲ့ပါတယ်။

“ကျွန်တော်ရဲ့သွေးကိုသွေးရေကြည်ကုထုံးအတွက် ကိုဗစ် ခံစားနေရသောဝေဒနာရှင်များအတွက်လှူဒါန်းခဲ့ခြင်းကိုနိုင်ငံတော်မှကျန်းမာရေးဝန်ကြီးDr. မြင့်ထွေးကိုယ်တိုင်ဆုချီးမြင့်ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ ” ဆိုပြီး ဒီနေ့ပွဲအခမ်းအနားပုံရိပ်တွေနဲ့တကွ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *