ကျိုက်ထီးရိုးကို မိသားစုလိုက်သွားရင်း ဘုရားဖူးလာသူတွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ စမိုင်းလ်

Posted on

သရုပ်ဆောင်စမိုင်းလ်က ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာပြီး အလှူအတန်းပြုလုပ်ခဲ့ပါတယ်။အလှူရေစက်လက်နဲ့မကွာအောင် လှူဒါန်းနိုင်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အလှူအတန်းတွေတင်မကဘဲ ဘာသာရေးအတွက် ပါရမီဖြည့်ရာ လုပ်ဆောင်ချက်အများအပြားကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ကျိုက် ၅ ကျိုက်၊ ညောင်ဆယ်ပင်၊ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန် စတဲ့ အဓိဌာန်ပေါင်းများစွာကို ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သူပါ။


ယခုလည်း မိသားစုလိုက် ကျိုက်ထီးရိုးကို ဘုရားဖူးသွားရောက်ခဲ့တာ တွေ့ရပါတယ်။ ရွှေတိဂုံ- ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ဆောင်တဲ့အချိန်ကလည်း ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာသစ်တံခါးဆရာတော်ဘုရားကြီးကို ပင့်ဖိတ်ပြီး တရားပေးစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးကြဲစေခဲ့ပြီး ယခုတစ်ခေါက် ကျိုက်ထီးရိုး ဘုရားဖူးမှာလည်း ဧည့်ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ပြန်ပါတယ်။


အလှူရေစက် လက်နဲ့မကွာလို့ ပရိသတ်တွေက ချီးကျူးထောပနာပြုရလောက်အောင် အလှူအတန်းတွေ လုပ်နိုင်လွန်းတဲ့သူမကို ပရိသတ်တွေက ပိုပိုပြီးအားကျ ချစ်ခင်လာကြတာတွေ့ရပါတယ်။ သူမချစ်တဲ့ အလှူအတန်းတွေကို ဘဝတစ်လျှောက် အမြဲလုပ်ဆောင်သွားနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *