ကျောက်ကပ်လဲဖို့လိုနေတဲ့ ကလေးအတွက် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ စမိုင်းလ်

Posted on

မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ အလှူရေစက်လက်နဲ့မကွာ ဆိုသလို Covid-19 နဲ့ပတ်သက်ပြီး တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေသလို အလုပ်လက်မဲ့ဖြစ်ပြီး စား ဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အနုပညာလောကသားများကိုလည်း သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှီပါတယ် ။

လတ်တလောမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံက မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များကူညီရေးအသင်းက ကျောက်ကပ်လဲဖို့လိုအပ်နေတဲ့သားလေးအတွက် အလှူငွေ ၁၀သိန်းလှူခဲ့တယ် လို့သိရှိရပါတယ် ။ သားလေးအမြန်ဆုံးသက်သာပျောက်ကင်းပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးနဲ့အတူ သူမလှူဒါန်းခဲ့တဲ့ ကလေးလေးရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

သူမရဲ့အလှူလေးကြောင့် ပရိသတ်အချို့ကလည်း လိုအပ်ရင်လှူဒါန်းချင်ကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ ကလေးလေး အမြန်ဆုံးကျန်းမာဖို့အတွက်လည်း ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးထားကြပါသေးတယ် ။ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း လိုအပ်နေတဲ့ နေရာတွေမှာ ဒီထက်မက လှူဒါန်းနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *