ကျောင်းဆောက်လှူဒါန်းကာကွယ်လွန်သူဖခင်အတွက် အမျှပေးဝေခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ယနေ့ချိန်ထိ အနုပညာလမ်းကြောင်းမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူ က တော့ သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက တီ ဗီကြော်ငြာများနဲ့ ရုပ်ရှင်ဇာတ်ကားများကို လက်မလည် ရအောင် ရိုက်ကူးခဲ့ရတဲ့ နိုင်ငံကျော်မ င်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ လတ်တလောမှာတော့ အနုပညာလှုပ် ရှား မှု တွေ ပြန်လည် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဖခင်ဖြစ်သူ ကွန်လွန်သွားတာကြောင့် ဖြေမဆည်နိုင်အောင် ယူကြုံးမရ ဝမ်းနည်းကြေကွဲနေတာပဲ ဖြစ်ပါတယ်။ ဖခင်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း အမြဲပြုလုပ်နေတယ်လို့လည်း မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက် နှာ မှာ အခုလိုပဲ ရေးသားဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ” အငိုမတိတ်ရတဲ့ သံသရာမှာအဓိ ပ္ပာ ယ်ရှိအောင် နေဖို့ဖခင်ကြီးအတွက် ပိုပြီးအဓိပ္ပာယ်ရှိစေဖို့န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊ဒဃရတ္တံ ဟိတယဿ, ဌာနသော ဥပကပ္ပတိ။

လို့ဟောတဲ့မူတဲအတိုင်းငိုနေလို့ အကျိုးမရှိတဲ့ ဒီလောကဓံမှာအကျိုးရှိစေဖို့အတွက် အဖေ့ကို ရည်စူးပြီးသံဃာတော်တွေကိုလည်းလှူပါ့မယ်အဖေ့ကိုလည်း အမျှပေးဝေပါမယ်ရှင့်အထူးအားဖြင့်ထက်ထက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်မှန်သမျှ နှင့်ကျောင်းဆောက်လှူဒါန်းခဲ့တဲ့ကုသိုလ်ကြီးကိုအဖေ့ အတွက်ကုသိုလ်မျှဝေပါတယ်ရှင့်အဖေ လည်း ထက်နဲ့အတူ ရောက်ရာ ဘဝကနေ သာဓုခေါ်ပေးပါနော်ဖေဖေ့ရဲ့ နာရေးမှာ ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်စာအသုံးပြုခွင့်ပေးတဲ့ ဘုန်းဘုန်းကိုလည်း ကန်တော့ပါတယ်ရှင့် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ် ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *