အဆိုတော်ကြီး ထူးအိမ်သင်ကတော့ သူ့ရဲ့ဂီတသက်တမ်းတစ်လျှောက် ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီဆိုခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ထူးအိမ်သင်က လွန်ခဲ့တဲ့ (၂၀၀၄)ခုနှစ် သြဂုန်လ(၁၄)ရက်နေ့မှာ ကြွေလွှင့်သွားခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ကွယ်လွန်သွားတာ (၁၆)နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။
ထူးအိမ်သင်က လူကွယ်လွန်သွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားမှာ ရှင်သန်နေဆဲ ဖြစ်ပြီး ထူအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကိုတော့ ပရိသတ်တွေက တုနှိုင်းမဲ့ရတနာ သီချင်းလေးနကြ ချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။ သမီးလေး မိကွန်ထောကတော့ ယနေ့မှာတော့ ကွယ်လွန်သွားတာ (၁၆)နှစ်ပြည့်သွားပြီတဲ့ ဖခင်ဖြစ်သူရဲ့အုတ်ဂူလေးမှာ သန်းရှင်ရေးသွားရောက်လုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို “Phay, it’s 14th August again ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ထူးအိမ်သင်ရဲ့ သမီးချောလေး မိကွန်ထောကကတော့ ဖခင်ဖြစ်သူ့ရဲ့ မွေးနေ့တိုင်းကုသိုလ်တွေပြုလုပ်လေ့ရှိသလို ကွယ်လွန်ခဲ့တဲ့နေ့မှာလည်း ဖခင်ဖြစ်သူ့ရဲ့ အုတ်ဂူလေးဆီသွားပြီး နှစ်စဉ်သန့်ရှင်းရေးတွေလုပ်ပေးတတ်ပါတယ်နော်။