နယ်ပရိသတ်အများစု အားပေးကြတဲ့ မင်းသား ဂျွန်ကိုကတော့ လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာပဲ ဖြစ်ပါတယ်။ ဂျွန်ကိုက မကွယ်လွန်ခင်အချိန်ထိ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားေ ပးမှုကို တခဲနက်ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျွန်ကိုကတော့ ဦးနှောက်အေ မှးေ ယာင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ (၆)နှစ်တာ ရှိပြီဖြစ်ပေမယ့် သူ့ကိုချစ်ခင်ကြတဲ့ ပရိသ တ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုဝင်တွေကတော့ ဒီနေ့ဒီအချိန်ထိ သတိတရရှိနေဆဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်က လွန်ခဲ့တဲ့ (၇)နှစ်က ဂျွန် ကိုနဲ့ ရုပ်ရှင်အတူ ရိုက်ကူးခဲ့တဲ့ အမှတ်တရလေးကို ပြန်လည်မျှဝေရင်း “ချစ်ညီလေး ဂျွန်ကို နဲ့ လွန်ခဲ့သော ၇ နှစ်က ရိုက်ခဲ့သော ဇာတ်ကားလေး “မေ့သားဇာနည်”။ ချစ်ညီေ လး ကော င်းသောဘုံဘဝမှာရောက်ရှိနေပါစေ။” ဆိုပြီး သတိတရ ပြောထားပါတယ်။
ခင်လှိုင်ကတော့ သူနဲ့ အလုပ်တွေ အတူတူ လုပ်ကိုင်ခဲ့ဖူးတဲ့ ဂျွန်ကိုကို ဒီနေ့အချိန်ထိ သတိ ရနေဆဲ ဖြစ်ပါတယ်။ အက်ရှင်မင်းသားချော ဂျွန်ကိုလည်း အခုချိန်ဆို ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနေလောက်ပြီ ထင်ပါတယ်နော်။