ကြုံတွေ့ နေရတဲ့နားလည်မှုအလွဲလေးတွေကြောင့် ကန်တော့ရင်း မျက်ရည်ကျခဲ့တဲ့ ဖြူဖြူထွေး

Posted on

ဖေ့ဘုတ် ဆယ်လီတစ်ဦး ဖြစ်တဲ့ ဖြူဖြူထွေး ကတော့ ဒီကနေ့ကြော်ငြာ ရိုက်ကွင်းမှာ ပါဝင်သူ အနုပညာရှင်တွေကို ကန်တော့ခဲ့ပါတယ်။ကျောင်းကပွဲ ကတဆင့် ပရိသတ်တွေသိလာကြတဲ့ ဖြူဖြူထွေး က ယခုဆိုရင် ကြော်ငြာ ပေါင်းမြောက် မြားစွာကိုရိုက်ကူးနေရသူတစ်ဦးဖြစ်ပါတယ်။သူမရဲ့ ဖြူစင်ပွင့်လင်းတတ်တဲ့ စိတ်ထားလေးကြောင့်လည်း အားပေးသူပရိသတ်တွေ ဆထက်တပိုး များပြားလာတာကို တွေ့ရမှာပါ။

ဖြူဖြူထွေးက သူမကို လာရောက် အပ်နှံတဲ့ ကြော်ငြာတွေကို သူမ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးတာပဲဖြစ်ပါတယ်။သူမရဲ့ ကြော်ငြာမှာလည်း အနုပညာရှင် အချို့ကို ဖိတ်ခေါ်ပြီး ရိုက်ကူးလေ့ရှိ တတ်ပါတယ်။ ထိုအနုပညာရှင် တွေကိုလည်း တဖန်ပြန်ပြီးတော့ ကန်တော့ လေ့ရှိတာကို ပရိသတ်တွေလည်း မြင်တွေ့နိုင်မှာပါ။

ယခုလက်တလော မှာတော့ ဖြူဖြူထွေးရဲ့ ကြော်ငြာခေါ်ရိုက်မှုနဲ့ ပတ်သက်ပြီး အနုပညာ ရှင်အ ချို့ကြားမှာ အထင်အမြင် လွဲမှားမှုလေးတွေရှိနေခဲ့ပါတယ်။ ဒီလိုအထင်အမြင် လွဲမှား မှုကြောင့် ဖြူဖြူထွေးက ဒီကနေ့ရိုက်ကွင်း မှာ ပါဝင်တဲ့ အနုပညာရှင်အချို့ကို ကန်တော့ရင်း စိတ်ထိခိုက် မျက်ရည် ကျခဲ့ပါတယ်။

သူမအတွက် တော့ “ပီတိဆိုတာ ဝယ်ယူလို့မရသလို လုပ်ယူလို့လဲ မရဘူး” လို့ သူမရဲ့ခံ ယူ ချက် လေး ကိုပါ ရေးသားထား ခဲ့တာပါ။ ပရိသတ်တွေကလည်း ဖြူဖြူထွေးရဲ့ စိတ်ထား လေးကို ချစ် ပြီး သဘောကျတယ်ဆိုရင် မှတ်ချက်လေးပေးပြီးအားပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *