ခင်ပွန်း က အရမ်းချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမပဲ ဖြစ်ချင်တယ် ဆိုတဲ့ သင်ဇာနွယ်ဝင်း

Posted on

မင်းသမီးချောလေး သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံကလည်း ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံထဲမှာပါဝင်ပါတယ်။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွားရှိတာကြောင့် ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံက ခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခင်ပွန်း က အရမ်းချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမပဲ ဖြစ်ချင်တယ် ဆိုတဲ့ သင်ဇာနွယ်ဝင်း အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

သင်ဇာနွယ်ဝင်း က သူမရဲ့ မိသားစုကို အချိန်ပေးထြစ်နေပြီး ခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုမရှိတော့ပါဘူး ။ သူမ ရဲ့ မိသားစု ပုံရိပ်လေးတွေကိုသာ သူမပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ သူမက ” ပါပါးရေမိန်းမသာပါပါးနဲ့မတွေ့ခဲ့ရင်အခုထက်ပိုအလှပြင်ပြီးပိုလှချင်လှလိမ့်မယ် ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးပြီး ပိုထက်ချင်ထက်လိမ့်မယ် ဒါပေမဲ့အခုလက်ရှိပါပါးပေးထားတဲ့ လုံခြုံနွေးထွေးတဲ့ခံစားချက်ကို ကိုယ့်အဖေမဟုတ်တဲ့ တစ်ခြားယောကျာ်းတစ်ယောက်စီကရမှာမဟုတ်ဘူး ပါပါးအနားမှာရှိနေရတဲ့ အချိန်တိုင်းကို အရမ်းတန်ဖိုးထားတယ် အရမ်းလည်းကျေးဇူးတင်တယ် အရမ်းတော် အရမ်းထက် အရမ်းချောတဲ့ မိန်းမလည်းမဖြစ်ချင်ပါဘူး ပါပါးအရမ်းချစ်ပြီးတန်ဖိုးထားရတဲ့မိန်းမပဲဖြစ်ချင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *