မြန်မာနိင်ငံ အထူးသဖြင့် ရန်ကုန်တိုင်းဒေသ ကြီးမှာ နေထိုင်ကြ တဲ့ အသင်းတော်ပေါင်းစုံ ကခရစ်ယာန် မိသားစု များ ကို အထူးပန်ကြားလိုပါ တယ်။
ပထမအချက် အနေနဲ့ ကျွန်တော်တို့ Main line churches သက်တန်းရင့် အသင်းတွေ ဟာ ဒေးဗစ်လား နဲ့ သူ့အဖွဲ့သားတွေ ရဲ့ ဟောပြော မှု သွန်သင် မှုတွေကို ဟိုးအရင်ကထဲ က ပြတ်ပြတ်သားသား မတားစီး နိုင်ခဲ့ ကြတာဟာ ကျွန်တော် တို့ရဲ့ အမှားပါ။ စာလေးထုတ် ကန့်ကွက် ထားရုံနဲ့ မလုံလောက် ဘူးဆိုတာအခုရုပ်လုံးသက်သေ ပေါလာပါပြီး။ တားဆီး လို့မရတဲ့ အခြေနေ တွေကိုလဲ နားလယ်ပါ တယ်။အခုချိန်ထိအောင် ဒေဗစ်လား နဲ့ နိုင်ငံခြား သားခံယူထားတဲ့ သူတွေ ဟာ မြန်မာနိုင်ငံ ကို ဘာသာရေး နဲ့ ကျမ်းမားရေး လုပ်ဆောင်နေမှု တွေကို နှောင့်ရှက် ဖျက်စီး လာတဲ့ အခြေနေဆိုး တခုထိ တွန်းပို့ လိုက်တယ် ဆိုတာ မငြင်းနိုင်တော့ပါဘူး။ ဒါဟာ ကျွန်တော်တို့ ကိုးကွယ် နေတဲ့ ဘရားသခင် ရဲ့ အကြံအစည် လုပ်ဆောင် ချက် မဟူတ်ပါဘူး။
နိုင်ငံတော်နဲ့ ပြည်သူတွေကို အဆိုးထဲ တွန်းပို့ လိုက်တယ် နိုင်ငံ တော်ရဲ့ ဥပဒေ ကိုလဲ ချိုး ဖောက် ခဲ့တာလဲ မငြင်းနိုင်ပါဘူး။အခု ကျွန်တော် တိုင်းရင်းသား လူသာရင် အသင်းတော် ရဲ့ သင်းအုပ် ဆရာတော် အနေနဲ့ ပထမ ဦးဆုံး ဗုဒ်ဓဘာသာဝင် ဘုန်း တော် ကြီးများ အားလုံးနဲ့ ဗုဒ်ဓ ဘာသာဝင် သူတော်ကောင်း အပေါင်း တို့ ကို ဒေးဗစ်လား ကိုယ်စား အနူးအညွတ် တောင်းပန်ပါတယ်။ တောင်းပန် ချက်ကိုလဲ လက်ခံပေးပါလို့ ပန်ကြား အပ်ပါတယ်။
နောက်တခုက မူစလင် ဘာသာဝင် တွေလဲ ဗွေ မယူဘဲ ခွင့်လွတ် ပေး စေချင်ပါတယ်။ချစ်ခြင်းအားဖြင့် ခွင့်လွတ်ပေးမယ် လို့လဲ အရမ်းယုံကြည်ပါတယ်။အခုချိန်မှာ နိုင်ငံတော်ဟာ အလွန်ကြပ်တည်းတဲ့ အချိန် ရောက် နေပါတယ်။ အားလုံး စည်းလုံးစွာ နဲ့ လက်တွဲ ကြပါစို့။ကျေးဇူးတင်လျှက်။ဘုရားရှင် ကောင်းကြီးပေးပါစေ။ဆရာတော် ချားလ်စ် အက်ဒွပ် တိုင်းရင်းသား လူသာရင် အသင်းတော် ။