နည်းပညာတွေနဲ့ ပတ်သက်ရင် ဂျပန်နိုင်ငံရဲ့ နည်းပညာတွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ သီးသန့်ဖြစ်လေ့ရှိပါတယ်။ အအခုတစ်ခေါက်မှာလည်း ဂျပန်တို့ ဖန်တီးလိုက်တဲ့ အရာကတော့ တစ်ဖက်နဲ့ တစ်ဖက်ဖောက်ထွင်းမြင်နိုင်တဲ့ အများသုံးအိမ်သာပဲဖြစ်ပါတယ်။ ဒီအိမ်သာတွေက တစ်ဖက်ကို တစ်ဖက် ဒိုးယိုပေါက်မြင်တွေ့ရမှာဖြစ်ပြီး တိုကျိုမြို့အနှံ့လူအများစုရြှိ့နေရာတွေမှာ ထားရှိသွားမှာပဲဖြစ်ပါတယ်။
အခုလတ်လောမှာတော့ တိုကျိုမြို့က Haru-no-Ogawa ပန်းခြံနဲ့ Yoyogi Fukamachi ပန်းခြံနှစ်ခုမှသာ ထားရှိထားပြီး လူတွေ စိတ်ဝင်စားခြင်းခံရကာ တကူးတကကို လာရောက်စူးစမ်းသူတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီအိမ်သာတွေကို အများသုံးအိမ်သာပရောဂျက်တစ်ခုအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး အများသုံးအိမ်သာဆိုရင် ညစ်ပတ်ပေရေမှုတွေ ရှိတာကြောင့် အခုလိုမျိုး ဖောက်ထွင်းမြင်နိုင်တဲ့ အိမ်သာတွေကို ဆောက်လုပ်ထားတာလို့ သိရပါတယ်။ ဖောက်ထွင်းမြင်တွေ့နိုင်တဲ့ အိမ်သာဆိုလို့ တကယ်ကြီးကို အပြင်ဘက်နဲ့ အတွင်းဘက်ကို ဖောက်ထွင်းမြင်နိုင်တဲ့ အိမ်သာလို့ ထင်နေရင် မှားသွားမှာ အသေအချာပါပဲ။
တကယ်တော့ ဒီဖောက်ထွင်းမြင်နိုင်တဲ့ အိမ်သာတွေက လူတွေထင်နေသလိုမျိုးအတွင်းနဲ့ အပြင်ကို တိုက်ရိုက်ဖောက်ထွင်းမြင်နိုင်တဲ့ အိမ်သာတစ်လုံးတော့ မဟုတ်ပါဘူး။ အိမ်သာ အသုံးပြုသူက အထဲကို ဝင်သွားပြီး တံခါးပိတ်လိုက်ချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် ဖောက်ထွင်းမြင်နေရတဲ့မှန်တွေကနေ အရောင်တွေ တက်လာကာ ပိတ်ဆို့သွားမှာပါ။ ကြည်လင်နေတဲ့ မှန်အခြေအနေ ကနေပြီး လုံးဝကို မှန်အပိတ်အခြေအနေကို ရောက်သွားလို့အိမ်သာထဲမှာ စိတ်ချလက်ချနဲ့ သန့်ရှင်းရေးကောင်းကောင်းလုပ်နိုင်မှာပါ။
လတ်တလောအချိန်မှာတော့ အဲဒီအိမ်သာတွေက လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ အိမ်သာတွေဖြစ်ပြီးနေ့စဉ်နဲ့ အမျှ ဝင်ရောက်စမ်းသပ်ကြသူတွေလည်း များပြားနေပါတယ်။ အိမ်သာထဲကို ဝင်သွားတာနဲ့ တံခါးသေချာပိတ်ဖို့ လိုအပ်မှာ ဖြစ်ပြီး တံခါးမပိတ်မိခဲ့ရင်တော့ တကယ့်ကို အတွင်းနဲ့ အပြင် တိုက်ရိုက်မြင်တွေ့နေရတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမှာပါ။
ဒီဖောက်ထွင်းမြင်နိုင်တဲ့တိုကျိုမြို့ရေအိမ်ပရောဂျက်ကို ဗိသုကာပညာရှင် (၁၆) ယောက်လောက် ပေါင်းစည်းပြီး ဖန်တီးခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် (၂၀၂၁) မတိုင်မီ တိုကျိုမြို့အနှံ့မှာ အခုလိုဖောက်ထွင်းမြင်နိုင်တဲ့ အိမ်သာအလုံးရေ (၂၁) လုံးလောက်အထိ တပ်ဆင်သွားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
Ye Yint Kyaw