“ခိုးလာတဲ့ ဖုန်း နဲ့ ဖုန်းပိုင်ရှင်ရဲ့ တူမကို Video call ပြောမိလို့ အဖမ်းခံလိုက်ရတဲ့ သူခိုး”

Posted on

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မအူကုန်ရက်ကွက် ဘောလုံးကွင်း၎လမ်းနေ ဦးဖိုးရှမ်း+ဒေါ်မြင့်မြင်ကြည် နေအိမ်ကို ၂၇.၄.၂၀၂၀ ည၂နာရီခန့်အချိန်တွင် အိမ်အတွင်းရှိ ဘီရိုအတွင်း၌ သိမ်းဆည်းထားသော ရွှေလက်ဝတ်လက်စား(နဝရတ်လက်စွပ်နှင့်ဆွဲကြိုး)များနှင့် အခြားသောစိန်လက်စွပ်တို့အပါအဝင် ငွေသား( ) ခန့်အပြင် အိမ်ရှင်ဒေါ်မြင့်မြင်ကြည် ​၏ဖုန်း နှင့်သူ​၏သားမက်ဖုန်းတို့ကိုပါ ခိုးယူသွားခဲ့ပါသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်ပံတန်းရဲစခန်းမှ အပိုင်နယ်ထိန်းနှင့်အဖွဲ့ရောက်ရှိလာပြီး ထိုအိမ်တွင် မည်သို့အခိုးခံရသည်ကို ရဲလုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်စစ်ဆေးပြီး ထိုအခင်းဖြစ်ရာ ရပ်ကွက်အတွင်း၌ နေထိုင်သော ခိုးမှုဖြင့်အချုပ်ကျခံခဲ့ဖူးသော (……..)အားခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီး ထိုမသင်္ကာသူ(….)အားပြန်လွှတ်ပေးလိုက်ပါသည်။ထိုကိစ္စနှင့်ပတ်သတ်ပြီး အိမ်ရှင်မိသားစုမှ မကျေနပ်၍ ရဲအားထိထိရောက်ရောက် စစ်ဆေးပေးရန်ပြောသောအခါ ရဲဖြစ်သူမှ အခုကိစ္စတွင် မိမိတို့ရဲများအနေဖြင့် မသင်္ကာသူတရားခံ ကိုရိုက်နှက်မေးလို့မရကြောင်းနှင့် ယခုလိုခိုးမှုများသည်လည်း ၁၀၀မှ၇၀လောက်က မပေါ်ပေါက်ကြောင်း” ကို အားရှိစရာပြောပြပါသည်။

ထိုသို့ဖြစ်ပွားပြီးနောက် ၂၇.၄.၂၀၂၀ နေ့ညတွင် အခိုးခံလိုက်ရသောမမြင့်မြင့်ကြည်ဖုန်းရှိfacebook account မှ သူမ​၏တူမဖြစ်သူ​၏Facebookmessenger သို့ hiဟူသော messageရောက်လာပြီး ၂၈.၄.၂၀၂၀ နေ့တွင် မမြင့်မြင့်ကြည်​၏တူမ မှ ပြန်လည်စာပို့၍ သူခိုးဖြစ်သူအား facebook messengerမှ video callခေါ်ကြည့်လိုက်သောအခါ အစမှာ သူခိုးဖြစ်သူမှာမကိုင်တတ်သဖြင့် မကိုင်ပဲနေပြီး “”ဘယ်လိုကိုင်ရမလဲ””ဟု စာပြန်ပို့ပါသည် –ထိုအခါ မမြင့်မြင့်ကြည်​၏တူမဖြစ်သူမှ “အဲ့ဒီ့မှာပေါ်နေသော အစိမ်းခလုတ်လေးကိုနှိပ်လိုက်ဟုပြောပြီး ဒုတိယအကြိမ်video call ခေါ်ကြည့်လိုက်သောအခါ သူခိုး​၏မျက်နှာပေါ်လာရာ(ပုံပါအတိုင်း) screenshotရိုက်မှတ်သားထားပြီးနောက်လက်ပံတန်းရဲစခန်းသို့သွားရောက်ပြီး သူခိုးဖြစ်သူ​၏ပုံကိုပြရာမှ ယခုသူခိုးအားဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *