“ခိုးဝင် ဘင်္ဂါလီ (၄၂) ဦး ရဲ့ တို့ဖတ်နမူနာယူပြီး တောတွင်း တစ်နေရာမှာ ထားမည်”

Posted on

ဧရာဝတ်ီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းနှင့်ဘိုကလေးအကြား မြစ်အတွင်းမှ ဖမ်းဆီးရမိခဲ့သော ခိုးဝင်ဘင်္ဂလီလူမျိုး (၄၂)ဦးအား တာဝန်ရှိသူများက မြတ်ကောင်းကင်ကားဖြင့် သယ်ဆောင်၍ ကြံခင်းမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာကားလမ်း အနောက်ခြမ်း ကွန်ချောင်းဆယ်အနီး တောတွင်းတစ်နေရာ၌ နေရာချထားပေးရန် စီစဥ်နေကြောင်းနှင့်

ဒေသခံများမှလည်း ပတ်ဝန်းကျင်ကျေးရွာများသို့ အဆိုပါဘင်္ဂလီများမှတစ်ဆင့် COVID-19ရောဂါ ပိုးများ ကူးစက်ပျံ့နှံ့ခံရမည်ကို အထူးစိုးရိမ်​​နေကြကြောင်း ကနဦးသတင်းရရှိပါသည်။ဧရာတီတိုင်းဒေသကြီး အစိုးရ၏ စီစဥ်ညွှန်ကြားမှုအရမြန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ သွားဌာနမှ ဒေါက်တာတေဇာစိုးနိုင်နှင့်အဖွဲ့သည် မေတ္တာရှင် သွေးလှူရှင်အသင်းမှကားဖြင့် အဆိုပါ ဘင်္ဂလီ(၄၂)ဦးတို့၏ တို့ပတ်နမူနာများအား သွားရောက်ယူဆောင်၍

နေ့လည်(၀၂:၃၀)အချိန်ခန့်တွင် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ရန် ရန်ကုန်မြို့ရှိ NHL အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ကြံခင်းမြို့လူမှုကူညီရေးအသင်းကားဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *