ခုံလွတ်တွေနဲ့ ဘုရားဝတ်ပြုရတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်

Posted on

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံစားနေရသော အီတလီတွင် လူအများစုဝေးရာ ပွဲလန်းသဘင်နှင့် ဘာသာရေးအခမ်းအနားများကို ပိတ်ပင်ထားသည့် အတွက် ဘုရားကျောင်းငယ်တစ်ခုမှ ဘုန်းတော်ကြီးတစ်ပါးကတော့ သူ၏ကျောင်းတော်တွင် ပြန်လည်လူစည်ကားအောင် လုပ်နည်းတစ်ရပ်ကို ပြုလုပ်လိုက်သည်။

ကိုဗစ်-၁၉ ဖြစ်ပွားရာဒေသတစ်ခုဖြစ်သော လွန်ဘာဒီရှိ ရော့ဘ်ဘီနို ဒီ ဂီယူဆန်နိုမြို့ငယ်လေးရှိ ဘုန်းတော်ကြီး Don Giuseppe Corbari က မျှော်လင့်မထားသော ဖိတ်ခေါ်မှုတစ်ခုကို ပြုလုပ်ခဲ့သည် သင်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သင့်မိသားစုပုံပဲဖြစ်ဖြစ် ကိုယ်တိုင်ရိုက်ပြီး ပို့ပေးလိုက်ပါ။ တနင်္ဂနွေနေ့ ဘုရားဝတ်တတ်တဲ့အခါ မိတ်ဆွေတို့ပုံတွေကို ကျွန်တော်မြင်တွေ့လိုပါတယ်” ဟု Don Giuseppe ကမေတ္တာရပ် ခံခဲ့ခြင်းဖြစ်သည်။

” ပို့လိုက်လို့ရှိရင် သင်တို့ပုံတွေကို ပရင့်ထုတ်ပြီး ခုံပေါ်မှာ တိပ်နဲ့ ကပ်ထားပေး ပါမယ်။ ဒါဟာ ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေတာ မဟုတ်ဘူးဆိုတဲ့ စိတ်သက်သာရာရစေပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *