ချစ်ခင်ရသူတွေကိုဖိတ်ကြားပြီး “မြက်နု” Family Show ပြသခဲ့တဲ့ ဝတ်မှုံရွှေရည်

Posted on

နိုင်ငံကျော် အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး မင်းသမီး တစ်လက်ပါပဲ။ ဝတ်မှုံရွှေရည်က ပြည်တွင်းမှည မချစ်တဲ့သူမရှိလောက်အောင် အောင်မြင်သလို ပြည်ပနိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားသူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသလို အနုပညာလောကမှာလည်း စီနီယာ၊ ဂျူနီယာတိုင်းချစ်ကြတဲ့ ရွှေမင်းသမီးလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က မနေ့က ဇန်နဝါရ်ီလ (၁၃) ရက်နေ့မှာတော့ သူမချစ်ခင်ရတဲ့ မိတ်ဆွေတွေကို ဖိတ်ကြားပြီး “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show လေးကို စီစဉ်ကျင်းပပေးခဲ့ပါတယ်။


ဝတ်မှုံရွှေရည်ရဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကား Family Show ကို လွင်မိုး၊ မေသူ၊ ပတ်ထရစ်ရှာ၊ မေတိုးခိုင်၊ Project K စတဲ့ သရုပ်ဆောင်တွေအပြင် အခြားသော မိတ်တွေတွေလည်း တက်ရောက်ခဲ့ပါတယ်။


ဝတ်မှုံရွှေရည်ကတော့ “မြက်နု” ရုပ်ရှင်ဇာတ်ကား Family Show မှာ ဇာတ်ကားထဲကအတိုင်း နုနုနယ်နယ်လေးနဲ့ ချစ်စရာကောင်းတာပဲနော်။