ချစ်စရာ ဖက်ရှင်လေးနဲ့ ရွှေကြော်ငြာရိုက်နေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေ

Posted on

အွန်လိုင်းဆယ်လီတစ်ဦးအနေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့စိတ်ထားနဲ့ အနုပညာပိုးကြောင့် အခုဆိုရင် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေရပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ လတ်တလောမှာလည်း ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ ရွှေကြော်ငြာရိုက်ကူးနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အလုပ်အပေါ်လည်း တလေးတစားလုပ်ကိုင်တတ်တဲ့ ဖြူဖြူထွေးကတော့ ကြော်ငြာရိုက်ကူးမှုတိုင်းကို ခံစားမှုအပြည့်နဲ့ အားပါပါ သရုပ်ဆောင်ပြီး ကြော်ငြာပေးလေ့ရှိသူလေးပါ။

ဖြူဖြူထွေးကတော့ “ဒီနေ့ ရွှေစံအိမ် ရွှေဆိုင်ကြော် ရိုက်ကူး​နေသောဖြူ” ဆိုပြီး သူမရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေရောင် ဂါဝန်လေးနဲ့ အရမ်းကိုလှနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း အရမ်းသဘောကျနေတာပါနော်။

သူမရရှိတဲ့ အနုပညာကြေးတွေကို မိဘကိုအကုန်အပ်တဲ့ သမီးလိမ္မာလေး ဖြူဖြူထွေးကိုတော့ မိခင်ကြီးက အိမ်ထောင်ကျသွားမှာတောင် စိုးရိမ်မိတယ်လို့ မကြာခဏဆိုသလို အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိတာ တွေ့ရပါတယ်။

သွက်သွက်လက်လက်နဲ့ အနုပညာအလုပ်တွေကို ခံစားချက်အပြည့်လုပ်တတ်တဲ့ ဖြူဖြူထွေးကတော့ လတ်တလောမှာ ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး၊ တစ်ခြားသော အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဖြူဖြူထွေးကတော့ သူမရရှိတဲ့ အနုပညာကြေးတွေကိုလည်း သူမရွာမှာ အလှူတွေ ပြန်လုပ်လေ့ရှိတာလည်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ကြိုးစားမှုကြောင့် အောင်မြင်မှုတွေ ရရှိလာတဲ့ ဖြူဖြူထွေးလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။